လူ့ခန္ဓာကိုယ်အတွက် ကောင်းကျိုးတွေ အများကြီးယူဆောင်လာပေးနိုင်တဲ့ အုန်းရေ

//s9.kh1.co/25/2594f0c3da5d3fe8fc63197e83b85953ee7bcd26.jpeg
ဗဟုသုတအဖြာဖြာ

 ၀၈-မတ်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

အုန်းရည်ဆိုတာဟာ လူ့ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ သဘာဝဓာတ်တွေများစွာ ပါဝင်တဲ့အရည်တစ်မျိုးဖြစ်ပါတယ်။

သဘာဝ အုန်းရည် စစ်စစ်ကိုသောက်သုံးပေးတာဟာ ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ရရှိစေတာကြောင့် ပရိသတ်တွေကို အုန်းရည်သောက်သုံးရာကနေ ရရှိလာနိုင်တဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြပေးချင်ပါတယ်။

Photo from google
Photo from google

အုန်းရည်သောက်သုံးပေးတာဟာ နှလုံး အားလည်းကောင်းစေသလို ကိုယ်ခံအားကိုလည်း ကောင်းစေပါတယ်။

ချွေးထွက်လွန်ခြင်းကို သက်သာစေပြီး စိတ်ရော ကိုယ်ပါ လန်းဆန်းစေနိုင်ပါတယ်။

ဒါ့အပြင် ဆီးမှန် ဝမ်းမှန်ဖြစ်စေပြီး ရင်ခေါင်းအောင့်တဲ့ ဝေဒနာတွေကိုပါ သက်သာပျောက်ကင်းစေပါတယ်။

Photo from google
Photo from google

အုန်းရည်က သကြားပမာဏ လျော့နည်းပြီး ဗီတာမင် စီ ဓာတ်တွေ ပါဝင်မှု များတာကြောင့် ကျန်းမာရေးအတွက် သောက်သုံးပေးသင့်ပါတယ်။ ကိုယ်ဝန်ဆောင် မိခင်များအနေဖြင့် အားဖြည့်အချိုရည် တွေ သောက်မဲ့အစား အုန်းရည်ကို သောက်သုံးပေးတာက ကလေးအတွက်ပိုသင့်တော်ပါတယ်။

ကိုယ်ဝန်ဆောင်သည်တွေအနေနဲ့ အုန်းရည်ကိုသောက်သုံးပေးမယ်ဆိုရင် ကလေး ဖွံ့ဖြိုးမှု အားကိုကောင်းလာစေသလို ရေမွှာကိုလည်း အားကောင်းလာစေပါတယ်။

Photo from google
Photo from google

သတင်း အရင်းအမြစ်Healthline

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T