ပြည်သူတွေနဲ့အတူ သီချင်းတွေသံပြိုင်ဟစ်ကြွေးရင်း လူထုလှုပ်ရှားမှုမှာ အင်တိုက်အားတိုက်ပါဝင်အားဖြည့်ခဲ့တဲ့ လိမ္မော်သီး

//s9.kh1.co/7a/7abe9630c6e6044ed1efe0a4033b44662eedaaba.jpeg
အနုပညာရှင်များ

 ၀၈-မတ်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.....

လူငယ်တွေတစ်ယောက်ချင်းဆီရဲ့စည်းလုံးညီညွတ်မှုတွေ တီထွင်နိုင်မှုတွေကြောင့် ကမ္ဘာတစ်ဝှမ်းလုံးက ချီးကျူးလေးစားခြင်းကိုခံနေရတဲ့ မြန်မာနိုင်ငံရဲ့ ဒီလူထုလှုပ်ရှားမှုကြီးကတော့ အချိန်တစ်လကျော်လာခဲ့ပါပြီ။အားလုံးကလည်း ခိုင်မာတဲ့ ယုံကြည်ချက်တွေကြောင့် ဘယ်လိုအခက်အခဲတွေပဲကြုံနေပါစေ နောက်မဆုတ်ဘဲ အသက်ကိုပေးကာ လှုပ်ရှားပါဝင်နေကြတာပါ။

Photo Credit : Lain Maw Thee Facebook Page 
Photo Credit : Lain Maw Thee Facebook Page 
Photo Credit : Lain Maw Thee Facebook Page 
Photo Credit : Lain Maw Thee Facebook Page 

အနုပညာရှင်တွေကလည်း တစ်ထောင့်တစ်နေရာကနေ အင်တိုက်အားတိုက်ပါဝင်အားဖြည့်ကာ ရပ်တည်ပေးနေတာကြောင့် ဒီလှုပ်ရှားမှုကြီးက ဒီနေ့ထိအသက်ဝင်နေဆဲပါ။ လှုပ်ရှားသူနဲ့ လိုအပ်တာမှန်သမျှပံ့ပိုးထောက်ပံ့သူဆိုပြီး ညီညွတ်နေမှုကြီးကလည်း တကယ်ကို မျက်ရည်ဝဲလောက်အောင်ကြက်သီးထစရာပါပဲ။ ဒါ့ကြောင့်လည်း လူကြီးတွေက Gen Y Gen Z လေးတွေကို ချီးကျူးမဆုံးဖြစ်နေကြတာပါ။

Photo Credit : Lain Maw Thee Facebook Page 
Photo Credit : Lain Maw Thee Facebook Page 
Photo Credit : Lain Maw Thee Facebook Page 
Photo Credit : Lain Maw Thee Facebook Page 

တစ်ယောက်နဲ့တစ်ယောက်က သွေးမတော်သားမစပ်ပေမယ့် လမ်းပေါ်ရောက်လာသည်နှင့်တစ်ပြိုင်နက် တူညီတဲ့ယုံကြည်ချက်တွေကြောင့်ညီအစ်ကိုမောင်နှမတွေလို စည်းလုံးညီညွတ်ပြီး ကူညီဖေးမကြတာလည်းဖြစ်ပါတယ်။အခုလည်းလိမ္မောသီးဟာ ပြည်သူတွေနဲ့အတူ တစ်သားထဲ လမ်းမပေါ်ထွက်ကာ သီချင်းတွေသံပြိုင်သီဆိုရင်း လှုပ်ရှားမှုတွေကို အင်တိုက်အားတိုက်ပါဝင်နေတာကိုလေးစားစွာတွေ့မြင်ရပါတယ်။သူမကတော့ ဖေဖော်ဝါရီလထဲကဒီလှုပ်ရှားမှုကြီးမှာဘက်ပေါင်းစုံကပါဝင်နေတာလည်းဖြစ်ပါတယ်။ပရိသတ်ကြီးအတွက် လိမ္မော်သီးရဲ့ ပုံရိပ်လေးတွေကိုပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Photo Credit : Lain Maw Thee Facebook Page 
Photo Credit : Lain Maw Thee Facebook Page 
Source & Photo Credit : Lain Maw Thee Facebook Page 
Source & Photo Credit : Lain Maw Thee Facebook Page 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T