သင်္ဃန်းကျွန်းမြို့နယ်အတွင်းက ဆန္ဒဖော်ထုတ်မှု မြင်ကွင်းများ

//s9.kh1.co/bf/bfac8d3ffc83562157d094957eda9f7266cf99f3.jpg
နေ့စဉ်သတင်းများ

 ၀၈-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

သင်္ဃန်းကျွန်းမြို့နယ်အတွင်းမှာတော့ ဒီကနေ့ မနက်ပိုင်းလောက်ထဲက လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ဖို့အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေတာကို တွေ့ရပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်အတွင်းမှာတော့ အထိုင်သပိတ်လုပ်ပြီး ဆန္ဒထုတ်ဖော်သူတွေ များစွာတွေ့ရသလို GSC သပိတ်စစ်ကြောင်းကလည်း လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့တာကို တွေ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=299,q=100/2d/2d872d8a235ce312c54586d2ecbc93891bbb99ef.jpg
https://s9.kh1.co/__image/w=600,h=276,q=100/03/03c98644e6f3f451f7ccd4e27d66966a6ee57381.jpg
https://s9.kh1.co/__image/w=600,h=276,q=100/1d/1d9ba84ea21b22d7e089089c5133d9fd991be31a.jpg

ဒီကနေ့လှည့်လည်တဲ့ GSC သပိတ်စစ်ကြောင်း အတွင်းမှာတော့ ဗမာနိုင်ငံလုံးနိုင်ရာ ကျောင်းသားသမ္ဂအဖွဲ့ဝင်များ ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဝင်များ၊ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များ နဲ့ ရွှေဝါရောင်တော်လှန်ရေးက သံဃာတော်တွေပါဝင်တယ်လို့ သိရပါတယ်။

ဒီသပိတ်စစ်ကြောင်းဟာ သင်္ဃန်းကျွန်းမြို့နယ်အတွင်းက ရပ်ကွက်တွေအတွင်းမှာ လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ပြီး လှည့်လည်ရာလမ်းတစ်လျှောက်မှာလည်း လူထုဟောပြောပွဲတွေ ပြုလုပ်ခဲ့တာတွေ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=299,q=100/d8/d87a309097b106d160eb4529564b99098844c0b1.jpg
https://s9.kh1.co/__image/w=600,h=276,q=100/4b/4b30875ecdf89ca65058b569daa2817068ad321a.jpg
https://s9.kh1.co/__image/w=600,h=276,q=100/9c/9c98f8bfc4051d86b08b328f4cb4f99136651f07.jpg

အဲ့ဒီနောက်မှာတော့ လေးထောင့်ကန်လမ်းမပေါ်မှာ အထိုင်သပိတ်ပြုလုပ်နေသူတွေဆီကိုပါသွားရောက်ပြီး လူထုဟောပြောမှုတွေပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။

ဟောပြောမှုအတွင်းမှာလည်း ရပ်ကွက်နေပြည်သူတွေနဲ့ အထိုင်သပိတ်ပြုလုပ်ပီး ဆန္ဒထုတ်ဖော်နေသူတွေဟာ အားပေးထောက်ခံခဲ့ကြတာကို တွေ့ရပါတယ်။

https://s9.kh1.co/__image/w=600,h=276,q=100/e1/e1e0d6c15f3725fbef6a33009f280b2a2aa0ef6c.jpg
https://s9.kh1.co/__image/w=600,h=276,q=100/de/de0ffe59a81c966c877316271cbfbde725cd8810.jpg
https://s9.kh1.co/__image/w=600,h=276,q=100/3d/3d90a6c6bdcbc0a942105c7dbcee4153b4f5601a.jpg
https://s9.kh1.co/__image/w=600,h=276,q=100/85/8504d65a7d111b6a435cf7df1811fe5b3132d0a3.jpg
https://s9.kh1.co/__image/w=600,h=276,q=100/1c/1c58565a503a1c64a8fddeb28e2f3c2f7df8e2e2.jpg
https://s9.kh1.co/__image/w=600,h=276,q=100/f3/f325ed1a858cc8c8c066cd8ab6865cdf9d211884.jpg
Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T