အနုပညာလောကမှာ ငယ်စဉ်ကတည်းကနေ ယနေ့အချိန်ထိ ပရိသတ်အားပေးချစ်ခင်မှုတွေကို အများဆုံးပိုင်ဆိုင်ထားပြီး သရုပ်ဆောင်ကောင်းမှုတွေကြောင့် အကယ်ဒမီထူးချွန်ဆုကိုပါ သိမ်းပိုက်ရရှိထားသူကတော့ ယွန်းယွန်းပဲ ဖြစ်ပါတယ်..။

ကလေးသရုပ်ဆောင်အဖြစ် အနုပညာလောကထဲကို စတင်ရောက်ခဲ့ပြီး အောင်မြင်စွာလျှောက်လှမ်းရပ်တည်နေတဲ့ ယွန်းယွန်းကတော့ လက်ရှိအခြေအနေတွေမှာလည်း လူထုလှုပ်ရှားမှုတွေမှာ ကိုယ်တိုင်ကိုယ်ကျပါဝင်နေသူလည်း ဖြစ်ပါတယ်..။

Photo Ctedit - Yoon Yoon's Fb Acc
Photo Ctedit - Yoon Yoon's Fb Acc

လမ်းပေါ်ထွက်လှုပ်ရှားမှုတွေမှာပါဝင်လုပ်ဆောင်နေသလို လှူဒါန်းမှုတွေလည်း ပြုလုပ်နေတဲ့ယွန်းယွန်းလေးတစ်ယောက် အခုတစ်ခါမှာလည်း တော်လှန်ရေးမှာကျဆုံးသွားကြတဲ့ သူရဲကောင်းပြည်သူတွေအတွက် ရည်စူးကာ တောင်းဆုလေးတွေ ပြုခဲ့ပါတယ်..။

တော်လှန်ရေးတိုက်ပွဲကြီးမှာ ကျဆုံးသွားကြတဲ့ အာဇာနည်သူရဲကောင်းတွေအတွက် ဆီမီးလေးတွေထွန်းကာ ဆုတောင်းပွဲလေးပြုလုပ်ခဲ့တာဖြစ်ပြီး ပုံရိပ်လေးတွေကိုလည်း ယွန်းယွန်းက ဝေမျှထားပါတယ်နော်..။

Photo Ctedit - Yoon Yoon's Fb Acc
Photo Ctedit - Yoon Yoon's Fb Acc

ကျဆုံးသွားတဲ့ အာဇာနည်သူရဲကောင်းများအတွက် 😔🪔🕯.." ဆိုပြီး ဆုတောင်းပွဲလေးလုပ်ခဲ့တဲ့ ပုံရိပ်လေးတွေကိုလည်း ယွန်းယွန်းက ပြန်လည်ဝေမျှထားတာဖြစ်ပြီး တစ်ဖက်တစ်လမ်းကနေ ပြည်သူတွေနဲ့အားဖြည့်ပါဝင်နေတာပဲ ဖြစ်ပါတယ်..။တတ်နိုင်တဲ့ဘက်ကနေ လူထုလှုပ်ရှားမှုတွေပါဝင်လုပ်ဆောင်နေပြီး ပြည်သူတွေနဲ့အတူ ရပ်တည်နေတဲ့ ယွန်းယွန်းရဲ့တော်လှန်ရေးတိုက်ပွဲဝင်ခဲ့တဲ့ ပုံုရိပ်လေးတွေကိုလည်း ပရိသတ်တွေကို တင်ဆက်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Ctedit - Yoon Yoon's Fb Acc
Photo Ctedit - Yoon Yoon's Fb Acc

သတင်းအရင်းမြစ်: Yoon Yoon's Fb Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။