ခုဆိုရင် အရှိန်အဟုန်ကောင်းလျက်ရှိနေတဲ့ လှုပ်ရှားမှုကြီးဟာအရင်လိုငြိမ်းငြိမ်းချမ်းချမ်း မရှိတော့ဘဲ ပြည်သူတွေဟာ အန္တရာယ်တွေ အပစ်အခတ်တွေနဲ့ ဖြိုခွင်းခံရမှုတွေကိုရင်ဆိုင်ရလို့ အသက်ဆုံးရှုံးရသူတွေလည်း မနည်းတော့ပါဘူး ။ဒါပေမယ့်လည်း မိမိတို့ယုံကြည်ရာ မျှော်လင့်ချက်တွေအတွက် နောက်မဆုတ်ဘဲ တစ်ယောက်နဲ့တစ်ယောက်ကူညီဖေးမရင်း ရှေ့ဆက်လှမ်းနေကြတာပါ။

Photo Credit : Mi Sandi Facebook Page 
Photo Credit : Mi Sandi Facebook Page 

ယောကျာ်းလေးတွေကလည်း ရဲရဲဝင့်ဝင့်ပါဝင်ကာကွယ်ကြသလို မိန်းကလေးတွေကလည်း ယောင်္ကျားထုကြီးနဲ့အပြိုင်လမ်းမပေါ်ထွက်ကာ လှုပ်ရှားမှုတွေပြုလုပ်နေကြတာလည်း တစ်ကယ်ကိုလေးစားစရာပါ။ပြည်သူအားလုံးက သူတို့တတ်နိုင်တဲ့ဘက်ကနေ ရသလောက်တီထွင်ကြံဆကာ အစွမ်းကုန် ကြိုးစားနေကြတာလည်းဖြစ်ပါတယ်။

Photo Credit : Mi Sandi Facebook Page 
Photo Credit : Mi Sandi Facebook Page 

အလွှာအသီးသီးက အနုပညာရှင်တွေပါမကျန်ပါဝင်အားဖြည့်ပေးနေတာကြောင့် ပြည်သူတွေကလည်း အားတတ်ခဲ့ကြတာလည်းအမှန်ပါပဲ။ဒီအနုပညာရှင်တွေထဲမှာဆိုရင် မိစန္ဒီလည်းအပါအဝင်ပါပဲ။လှုပ်ရှားမှုတွေ စတင်ခဲ့ချိန်ထဲက လမ်းမပေါ်ထွက်ကာပြည်သူနဲ့အတူရပ်တည်ခဲ့တာဒီနေ့ထိဆိုတာအားလုံးသိရှိပြီးဖြစ်ပါတယ်။အခုလည်း ယောင်္ကျားထုကြီးနဲ့အပြိုင် ရှေ့ကနေအန္တရာယ်တွေကိုမမုဘဲပါဝင်နေတာလေးစားလွန်းတာကြောင့် ပရိသတ်ကြီးအတွက် မိစန္ဒီရဲ့ပုံလေးတွေကိုမျှဝေပေးလိုက်ပါတယ်။

Photo Credit : Mi Sandi Facebook Page 
Source & Photo Credit : Mi Sandi Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။