ညီမဖြစ်သူ သူဇာဝင့်လွင်နဲ့အတူ နွေဦးတော်လှန်ရေးမှာပါဝင်ရင်း ပြည်သူတွေလိုချင်တဲ့ပန်းတိုင်က နီးနီးလေးပဲလိုတော့ကြောင်း ဖွင့်ဟလာခဲ့တဲ့ မေ

//s9.kh1.co/aa/aa83dde116a1e711ddfb319d52ad8963ce168085.jpg
အနုပညာရှင်များ

 ၀၆-မတ်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

ညီမဖြစ်သူ သူဇာဝင့်လွင်နဲ့အတူ နွေဦးတော်လှန်ရေးမှာပါဝင်ရင်း ပြည်သူတွေလိုချင်တဲ့ပန်းတိုင်က နီးနီးလေးပဲလိုတော့ကြောင်း ဖွင့်ဟလာခဲ့တဲ့ မေ

အဆိုတော်မေနဲ့အလှမယ် သူဇာဝင့်လွင်တို့ညီအစ်မ၂ယောက်ကတော့ အနုပညာလောကမှာ ကိုယ်စီအောင်မြင်မှုတွေကို ရယူထားနိုင်ကြတာဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း ရယူထားနိုင်ကြတာဖြစ်ပါတယ်။ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ မားမားမတ်မတ်ရပ်တည်နေကြတဲ့ မေနဲ့ သူဇာဝင့်လွင်တို့ညီအစ်မ၂ယောက်ကတော့ နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားသူတွေအတွက်လည်း စိတ်မကောင်းဖြစ်ဝမ်းနည်းနေခဲ့ပါတယ်။

Photo Credit: May  ' s Facebook Page
Photo Credit: May ' s Facebook Page
Photo Credit: May  ' s Facebook Page
Photo Credit: May ' s Facebook Page

မေကတော့ ယခုမှာ ညီမဖြစ်သူ သူဇာဝင့်လွင်နဲ့အတူ နွေဦးတော်လှန်ရေးမှာပါဝင်ရင်း ပြည်သူတွေလိုချင်တဲ့ပန်းတိုင်က နီးနီးလေးပဲလိုတော့တဲ့အကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ မေကတော့ " မပင်ပန်းဘူးနော်.. ပန်းတိုင်ကနီးနေပြီ..နေ့စဉ် protester တွေကို ကာကွယ်ပေးနေတဲ့ frontline က ညီကိုမောင်နှမတွေကို ကျေးဇူးအရမ်းတင်ပါတယ်.. တက်ကြွစွာ ကာကွယ်ပေးနေကြတဲ့သူတွေကို မေတို့လည်း တတ်နိုင်သလောက် အားဖြည့်ပေးကြမယ်လေနော်.... fighting "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့ပါတယ်။

Photo Credit: May  ' s Facebook Page
Photo Credit: May ' s Facebook Page
Photo Credit: May  ' s Facebook Page
Photo Credit: May  ' s Facebook Page
Photo Credit: Thuzar WintLwin ' s Facebook Page
Photo Credit: Thuzar WintLwin ' s Facebook Page

သူဇာဝင့်လွင်ကတော့ " ပြည်သူတွေနဲ့တစ်သားတည်း အသက်ပေးသွားရတဲ့တိုင်းပြည်သူရဲကောင်းတွေအတွက် ဘယ်တော့မှသွေးမအေးသွားပဲအရင်ကထက်ပိုပြီးဆန္ဒထုတ်ဖော်ကြမယ် "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးမှာ ပြည်သူတွေနဲ့အတူ ပါဝင်နေတဲ့ မေနဲ့သူဇာဝင့်လွင်တို့ညီအစ်မ၂ယောက်ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။ ယနေ့မှာ လူထုလှုပ်ရှားမှုပြုလုပ်နေတဲ့ ပြည်သူတွေအားလုံး ဘေးဒုက္ခတွေများစွာမှ ကင်းဝေးကြပါစေကြောင်း ဆုတောင်းပေးလိုက်ရပါတယ်။

Source: May / Thuzar WintLwin ' s Facebook Page

Photo Credit: Thuzar WintLwin ' s Facebook Page
Photo Credit: Thuzar WintLwin ' s Facebook Page
Photo Credit: Thuzar WintLwin ' s Facebook Page
Photo Credit: Thuzar WintLwin ' s Facebook Page
Photo Credit: Thuzar WintLwin ' s Facebook Page
Photo Credit: Thuzar WintLwin ' s Facebook Page
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T