သရုပ်ဆောင် မင်းသမီး သဇင်ထူးမြင့်ကတော့ ဖခင်ဖြစ်သူ ခင်လှိုင်ရဲ့ အနုပညာအမွေတွေကို အပြည့်အဝဆက်ခံရရှိထားသူတစ်ဦးပဲ ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်ဝန်းရံအားပေးမှုတွေကို သိမ်းပိုက်ထားတာလည်း ဖြစ်ပါတယ်။ အရေးကြုံလာတိုင်း ပြည်သူတွေနဲ့အတူ အမြဲပူးပေါင်းဆောင်ရွက်နေတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ နေ့စဉ်လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ဆောင်ရွက်နေရုံတင်မကဘဲ ညပိုင်းမှာလည်း မပျက်မကွက် သံဗုံးတီးနေသူလည်း ဖြစ်ပါတယ်။


သဇင်ထူးမြင့်ကတော့ နေပူထဲတွင် သူတို့ရဲ့ ရင်ထဲက ဆန္ဒအမှန်တရားတွေကို ရဲဝံ့စွာ ထုတ်ဖော်ပြသနေတဲ့ပြည်သူတွေအတွက် အမောပြေသုံးဆောင်နိုင်ရန် စားစရာများနဲ့သောက်စရာ အအေးတွေကိုလည်း သူငယ်ချင်းများနဲ့ စုပေါင်းကာ လှူဒါန်းနေတာလည်း ဖြစ်ပါတယ်။ သူမရဲ့ လှုပ်ရှားမှုတွေကိုလည်း အချိန်နဲ့တစ်ပြေးညီ ဝေမျှပေးနေပြီး မကြာသေးခင် နာရီပိုင်းလောက်ကလည်း သဇင်ထူးမြင့်ရဲ့ Facebook Story မှာ ဗီဒီယိုဖိုင်တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။


ဒါကတော့ လူထုလှုပ်ရှားမှုများတွင်ပါဝင်နေကြတဲ့ပြည်သူတွေအပူဒဏ်ခံနိုင်ရန်အတွက် Helmet တွေလှူဒါန်းဖို့ဝယ်ယူနေတဲ့ သဇင်ထူးမြင့်ရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ သူမကလည်း " လှူဖို့အတွက် Pro1 တွင် ဈေးဝယ်နေပြီး မနက်စာကိုတောင် ကားပေါ်မှာ စားနေရကြောင်း" ကို ပုံနှင့်တကွ ရေးသားဝေမျှထားတာဖြစ်လို့ ပရိသတ်တွေလည်း ကြည့်ရှုနိုင်အောင် ဒီဗီဒီယိုဖိုင်ကိုပါ တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd-Thazin Htoo Myint’s Facebook Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။