ကြည့်မြင့်တိုင်မြို့နယ်ကလူထုလှုပ်ရှားမှုမှာပါဝင်ရင်း နေ့လည်(၁၂)ခွဲကျော်က ဖြိုခွင်းခံလိုက်ရတာကို ဗီဒီယိုရိုက်ထားလိုက်တဲ့ ခေးဆက်သွင်

//s9.kh1.co/e8/e8f3e9f3cdb72a842f0a0ec530610a632e66b4b5.jpeg
အနုပညာရှင်များ

 ၀၆-မတ်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

ကြည့်မြင့်တိုင်မြို့နယ်ကလူထုလှုပ်ရှားမှုမှာပါဝင်ရင်း နေ့လည်(၁၂)ခွဲကျော်က ဖြိုခွင်းခံလိုက်ရတာကို ဗီဒီယိုရိုက်ထားလိုက်တဲ့ ခေးဆက်သွင်

အနုပညာလောကထဲမှာ မင်းသမီးတစ်လက်အဖြစ်ရပ်တည်နေတဲ့ ခေးဆက်သွင်ကတော့ ပရိသတ်တွေအားပေးရကျိုးနပ်လောက်အောင် ပြည်သူတွေနဲ့တစ်သားတည်းရှိနေတာဖြစ်ပါတယ်။ခေးဆက်သွင်က လတ်တလောအခြေအနေတွေမှာဆိုရင် လမ်းမပေါ်ကိုထွက်ပြီး ရဲရဲရင့်ရင့်နဲ့ ရင်ဆိုင်နေတာဖြစ်ပါတယ်။ခေးဆက်သွင်ကမိန်းမသားတစ်ယောက်ဖြစ်ပေမယ့်လည်း လက်ရှိအခြေအနေတွေကြောင့် ယောကျ်ားတွေနဲ့ရင်ဘောင်တန်းပြီး တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်နေတာဖြစ်ပါတယ်။

Photo Credit:Khay Sett Thwin’s Facebook Acc
Photo Credit:Khay Sett Thwin’s Facebook Acc
Photo Credit:Khay Sett Thwin’s Facebook Acc
Photo Credit:Khay Sett Thwin’s Facebook Acc

ခေးဆက်သွင်က အနုပညာမောင်နှမတွေ၊သူငယ်ချင်းတွေနဲ့အတူ စိတ်ဓာတ်အားမာန်အပြည့်နဲ့ ပြည်သူတွေရှေ့ကနေ မားမားမတ်မတ်ရပ်တည်နေတာဖြစ်ပါတယ်။လတ်တလောမှာဆိုရင် ပြည်သူလူထုက ဖြိုခွင်းခံရတဲ့အခါမှာ ကာကွယ်ဖို့အတွက် နည်းလမ်းတကျ ကြိုတင်ပြင်ဆင်ထားကြတာဖြစ်ပါတယ်။လူငယ်တွေကတော့ ဉာဏ်လည်းအရမ်းကောင်းကြတာကြောင့် ရှု့ထောင့်ပေါင်းစုံကနေ မိမိရဲ့လုံခြုံရေးကို အပြည့်အဝကာကွယ်ထားကြတာဖြစ်ပါတယ်။အဲ့ဒီလိုကာကွယ်နိုင်ဖို့အတွက်လည်း တတ်နိုင်တဲ့သူတွေကထောက်ပံ့ပေးနေကြတာဖြစ်ပါတယ်။

Photo Credit:Khay Sett Thwin’s Facebook Acc
Photo Credit:Khay Sett Thwin’s Facebook Acc
Photo Credit:Khay Sett Thwin’s Facebook Acc
Photo Credit:Khay Sett Thwin’s Facebook Acc

ဒီနေ့မှာဆိုရင်လည်း ခေးဆက်သွင်က သူငယ်ချင်းတွေနဲ့အတူ ကြည့်မြင့်တိုင်မြို့နယ်က လူထုလှုပ်ရှားမှုမှာတစ်တပ်တစ်အားပါဝင်အားဖြည့်လိုက်တာဖြစ်ပါတယ်။ပြည်သူလူထုကတော့ မလျော့သောဇွဲ၊လုံ့လ၊ဝိရီယတို့နဲ့ရှေ့သို့ဆက်လက်ချီတက်နေကြဆဲပဲဖြစ်ပါတယ်။နေ့လည်(၁၂)ခွဲကျော်မှာတော့ ခေးဆက်သွင်တို့လှုပ်ရှားနေကြတဲ့ကြည်မြင့်တိုင်မြို့နယ်မှာ ဖြိုခွင်းခံလိုက်ရတာဖြစ်ပါတယ်။ပြည်သူလူထုကတော့ အုတ်အော်သောင်းနင်းမဖြစ်ဘဲအေးအေးချမ်းချမ်းနဲ့ဆုတ်ခွါနေကြတာကြောင့် ခေးဆက်သွင်ကဗီဒီယိုလေးရိုက်ပြီး မှတ်တမ်းတင်ထားတာဖြစ်ပါတယ်။

Photo Credit:Khay Sett Thwin’s Facebook Acc
Photo Credit:Khay Sett Thwin’s Facebook Acc
Photo Credit:Khay Sett Thwin’s Facebook Acc
Photo Credit:Khay Sett Thwin’s Facebook Acc

Photo Credit:Khay Sett Thwin’s Facebook Acc

Source&Video Credit:Khay Sett Thwin’s Facebook Acc 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T