အဆိုတော် ချယ်ရီသင်းကတော့ လတ်တလောမှာကျဆုံးသွားတဲ့ သူရဲကောင်းတွေအတွက် အလှူငွေတွေကောက်ခံပြီး တတ်နိုင်သလောက် သွားရောက်လှူဒါန်းပေးနေတာ ဖြစ်ပါတယ် ။ ချယ်ရီသင်းက ကိုယ်တိုင်သွားလှူဖို့ အဆင်မပြေတဲ့ ပြည်တွင်းပြည်ပက အလှူရှင်တွေကိုယ်စား သူမကတာဝန်ယူပြီး စေတနာအပြည့်နဲ့ ဆောင်ရွက်ပေးနေတာလည်း ဖြစ်ပါတယ် ။ ချယ်ရီသင်းက လှည်းတန်းမှာကျဆုံးခဲ့တဲ့ သူရဲကောင်း ညီညီရဲ့မိသားစုကို စတင်ပြီး ကူညီခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Cherry Thin's FB Page
Photo Credit-Cherry Thin's FB Page

အခုဆိုရင် အလှူရှင်တွေရဲ့စေတနာကြောင့် အသက်ပေးခဲ့ရတဲ့ ပြည်သူတွေရဲ့ကျန်ရစ်သူမိသားစုတွေကို တစ်ဖက်တစ်လမ်းကနေ ထောက်ပံ့ပေးနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ် ။ ချယ်ရီသင်းက သူမကိုယ်တိုင်သွားရောက်လှူဒါန်းသလို နယ်ကပြည်သူတွေဆိုရင်လည်း သူတို့လက်ထဲအထိ အလှူငွေရောက်ရှိအောင် စီစဥ်ပေးတတ်တာ ဖြစ်ပါတယ် ။ အခုလည်း ချယ်ရီသင်းက အလှူခံလို့ရရှိလာတဲ့ငွေထဲကနေ မိခင်ဆုံးပါးသွားပြီး တစ်ယောက်တည်းကျန်ရစ်ခဲ့တဲ့ ကလေးလေးအတွက် ငွေ (၅)သိန်းတိတိကို ပေးအပ်လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။

Photo Credit-Cherry Thin's FB Page
Photo Credit-Cherry Thin's FB Page

ဒီအကြောင်းကို ချယ်ရီသင်းက "မန္တလေးကခေါင်းကျည်ထိပြီးဆုံးသွားတဲ့ အစ္စလာမ်ဘာသာဝင် (မဒေစီ)အတွက် ပြည်တွင်းပြည်ပမှ စေတနာရှင်များလှူဒါန်းထားတဲ့အလှူငွေထဲမှ (၅)သိန်းကျပ်ကို မဒေစီရဲ့သားလေးဆီပို့ပေးပြီးပါပြီ အခုလက်ရှိသူ့အဒေါ်ကပဲ စောင့်ရှောက်ပေးထားတယ်လို့ သိရပါတယ် ကြားထဲကနေ အိမ်အရောက်ကူညီပြီးအလှူငွေပို့ပေးတဲ့ ကိုဇော်မျိုးအောင်ကိုလည်း ကျေးဇူးအထူးပါ🙏 ကောင်းရာသုကတိလားပါစေမမရေ 🙏" ဆိုပြီး တင်ထားတာ ဖြစ်ပါတယ် ။ ပရိသတ်တွေအတွက် ချယ်ရီသင်းနဲ့စေတနာရှင်တွေရဲ့အလှူပုံရိပ်တွေကို ပြန်လည်မျှဝေပေးရင်းနဲ့ ကျဆုံးသွားတဲ့ သူရဲကောင်းမဒေစီလည်း ကောင်းမွန်တဲ့ဘဝကို ရောက်ရှိပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

Source & Photo Credit-Cherry Thin's FB Page

Photo Credit-Cherry Thin's FB Page
Photo Credit-Cherry Thin's FB Page
Photo Credit-Cherry Thin's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။