လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေအတွင်းမှာ အနုပညာရှင်တွေအနေနဲ့လည်း ပြည်သူထဲကပြည်သူတွေပဲဖြစ်တာမလို့ တတ်နိုင်တဲ့ဘက်ကနေ ပရိသတ်တွေနဲ့တစ်သားတည်းရပ်တည်ကာ လှုပ်ရှားမှုတွေပြုလုပ်နေကြတာကို ပရိသတ်တွေအနေနဲ့လည်း တွေ့မြင်ကြမယ်ထင်ပါတယ်နော်။ အခုလိုမျိုးအားကြိုးမာန်တက်နဲ့ ပူးပေါင်းပါ၀င်နေကြတဲ့ အနုပညာရှင်တွေထဲမှာဆိုရင် ထူးအောင်တစ်ယောက်လည်းအပါအ၀င်ဖြစ်ပါတယ်.....။


အခုဆိုရင်လည်း လူထုလှုပ်ရှားမှုတွေအားကောင်းလာတာနဲ့အမျှ အခက်အခဲတွေများစွာကြုံတွေ့နေရတဲ့အတွက် ပြည်သူတွေအနေနဲ့လည်း အကာအကွယ်တွေကိုယ်စီ၀တ်ကြကာ နေထိုင်ရာလမ်းတစ်လျှောက်မှာလည်း အတားအဆီးတွေလုပ်နေကြတာဖြစ်ပါတယ်။ ထူးအောင်ကလည်း ပြည်သူတစ်ယောက်အနေနဲ့လူထုလှုပ်ရှားမှုအတွင်းမှာ အကာအကွယ်တွေ၀တ်ဆင်ကာ ရှေ့ဆုံးကနေရဲရဲဝံ့ဝံ့ပါ၀င်နေတာဖြစ်ပါတယ်နော်......။


မကြာသေးမီကလည်း ထူးအောင်ကသူ့ရဲ့ Facebookစာမျက်နှာမှာ "ကြောက်ရမှာကို ကြောက်လို့ ကျွန်တော်တို့ ရဲရင့်ကြတာပါ။ 💯💯💯နွေဦးတော်လှန်ရေး အောင်ရမည်။ ✊✊✊......" ဆိုတဲ့ captionလေးနဲ့အတူ ရဲဝံ့စွာနဲ့ကာကွယ်နေတဲ့ပုံရိပ်တွေကိုတင်ပေးလာပါတယ်။ ကဲ......ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


သတင်းအရင်းမြစ်: Htoo Aung's Facebook acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။