ရှေ့တန်းကနေ ရဲရင့်စွာရင်ဆိုင်နေကြတဲ့ကလေးတွေ ဘေးကင်းဖို့အတွက် ကုသိုလ်ရေးတွေလုပ်ပြီး ဆုတောင်းပေးလိုက်တဲ့ ခင်ဇာခြည်ကျော်

//s9.kh1.co/9a/9a8e0e45eee219497a6d76e22f054cbc1b7482eb.jpeg
အနုပညာရှင်များ

 ၀၆-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ရှေ့တန်းကနေ ရဲရင့်စွာရင်ဆိုင်နေကြတဲ့ကလေးတွေ ဘေးကင်းဖို့အတွက် ကုသိုလ်ရေးတွေလုပ်ပြီး ဆုတောင်းပေးလိုက်တဲ့ ခင်ဇာခြည်ကျော်

ရုပ်ရှင်သရုပ်ဆောင်ခင်ဇာခြည်ကျော်ကတော့ ဖေဖော်ဝါရီလအတွင်းမှာပဲ မိခင်ကိုဆုံးရှုံးလိုက်ရတာပဲဖြစ်ပါတယ်။ခင်ဇာခြည်ကျော်က မိခင်ရဲ့ဘေးနားမှာအချိန်ပြည့်ဂရုစိုက်ပေးနေရတာကြောင့် လူထုလှုပ်ရှားမှုတွေမှာ မပါဝင်ရတာဖြစ်ပါတယ်။ခင်ဇာခြည်ကျော်တို့သားအမိသုံးယောက်က ဘဝတစ်ပါးသို့ကူးပြောင်းသွားတဲ့ မိခင်အတွက်ကုသိုလ်ကောင်းမှူတွေလုပ်ပေးပြီး ဝမ်းနည်းပူဆွေးနေရတာဖြစ်ပါတယ်။အခုနောက်ပိုင်းမှာတော့ ဘုန်းမင်းနေလကလည်း သူငယ်ချင်းတွေနဲ့အတူ လမ်းပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုတွေမှာ ပါဝင်နေတာဖြစ်ပါတယ်။

Photo Credit:Khin Zar Chi Kyaw’s Facebook Account 
Photo Credit:Khin Zar Chi Kyaw’s Facebook Account 
Photo Credit:Phone Min Nay La’s Facebook acc
Photo Credit:Phone Min Nay La’s Facebook acc

ခင်ဇာခြည်ကျော်က ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်ပြီး အပြင်ထွက်နေတဲ့သားလေးအတွက်လည်းအနောက်ကနေပံ့ပိုးပေးနေတာဖြစ်ပါတယ်။အခုဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာဆိုရင် မိဘတွေကလည်း မိမိရဲ့သားသမီးတွေကို မတားကြဘဲ ကလေးတွေရဲ့ရဲရဲတောက်စိတ်ဓာတ်ကို လေးစားနေကြတာဖြစ်ပါတယ်။လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ကြရင်းကျဆုံးသွားကြတဲ့ လူငယ်တွေအတွက်လည်း ပြည်သူတွေက ကောင်းမှူကုသိုလ်တွေလုပ်ပေးပြီး သူတို့အတွက်ပါ နှစ်ဆကြိုးစားပေးနေကြတာဖြစ်ပါတယ်။

Photo Credit:Phone Min Nay La’s Facebook acc
Photo Credit:Phone Min Nay La’s Facebook acc
Photo Credit:Khin Zar Chi Kyaw’s Facebook Account 
Photo Credit:Khin Zar Chi Kyaw’s Facebook Account 
Photo Credit:Phone Min Nay La’s Facebook acc
Photo Credit:Phone Min Nay La’s Facebook acc

ခင်ဇာခြည်ကျော်ကတော့”တိုင်းပြည်အတွက် ရဲရင့်စွာရင်ဆိုင်နေကြသော ကလေးများအားလုံး၏ ဦးခေါင်းထက်၌ငါးသိန်းတစ်သောင်းနှစ်ထောင်နှစ်ကျိတ်ရှစ်ဆူသော မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့သည်လည်းကောင်း၊ညာပုခုံးထက်၌ ပစ္စေကဗုဒ္ဓါအရှင်သူမြတ်တို့သည်လည်းကောင်း၊ ဘယ်ပုခုံးထက်၌ အဂ္ဂသာဝကကြီးများသည်လည်းကောင်း၊ ရင်ထက်၌ ရဟန္တာအရှင်မြတ်တို့သည်လည်းကောင်း၊ကျောပြင်၌ လောကပါလနတ်မြတ်တို့သည်လည်းကောင်း ခိုင်ခိုင်မတ်မတ် ကြွရောက်စောင့်ရှောက်ပေးတော်မူကြပါ ဘုရား”ဆိုပြီး ကလေးတွေအတွက်ဆုတောင်းပေးနေတာဖြစ်ပါတယ်။

Photo Credit:Khin Zar Chi Kyaw’s Facebook Account 
Photo Credit:Khin Zar Chi Kyaw’s Facebook Account 
Photo Credit:Khin Zar Chi Kyaw’s Facebook Account 
Photo Credit:Khin Zar Chi Kyaw’s Facebook Account 

Source&Photo Credit:Khin Zar Chi Kyaw’s Facebook Account 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T