ဒီကနေ့ မတ်လ ၆ ရက်နေ့ စနေနေ့မှာတော့ ကျောက်မြောင်းရပ်ကွက် အတွင်းမှာ လွတ်လပ်စွာဆန္ဒထုတ်ဖော်တဲ့ သပိတ်စစ်ကြောင်း လှည့်လည်ခဲ့ပါတယ်။

ဒီသပိတ်စစ်ကြောင်းဟာ မြန်မာစံတော်ချိန် နံနက် ၁၀ နာရီဝန်းကျင်လောက်မှာ ကျောက်မြောင်းရပ်ကွက် ကျားကွက်သစ်လမ်းကနေ စတင်ထွက်ခွာခဲ့တာပဲ ဖြစ်ပါတယ်။

ဒီသပိတ်စစ်ကြောင်းအတွင်းမှာတော့ ကျောက်မြောင်းရပ်ကွက်နေပြည်သူများ ၊ ဗကသ အဖွဲ့ဝင်များ ၊ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂ အဖွဲ့ဝင်များ ၊ လူ့ဘောင်သစ်ပါတီဝင်တွေပါဝင်ပါတယ်။

ဒါ့အပြင်စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ သံဃာတော်တွေနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာဆရာများ သမဂ္ဂ အဖွဲ့ဝင်တွေလည်းပါရှိပါတယ်။

ဒီသပိတ်စစ်ကြောင်းဟာ ကျောက်​မြောင်းရပ်ကွက်အတွင်း လှည့်လည်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

သပိတ်စစ်ကြောင်း လှည့်လည်ရာ လမ်းတစ်လျှောက်မှာ ရပ်ကွက်နေပြည်သူတွေကလည်း တခဲနက် ထောက်ခံအားပေးခဲ့တာကို တွေ့ရပါတယ်။

သတင်းအရင်းမြစ်: Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။