လူထုလှုပ်ရှားမှုတွင် ပြည်သူတွေနဲ့အတူ နေ့စဥ် လမ်းမပေါ်ထွက်ကာ မမောမပန်း အားသွန်ခွန်စိုက် ဦးဆောင်ပါဝင် အားဖြည့်နေတဲ့ ပိုးကြာဖြူခင်

//s9.kh1.co/97/97a952ad2e15f1d97728f3572988d77a49d0da68.jpg
အနုပညာရှင်များ

 ၀၆-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်တွေရဲ့ အချစ်တော်တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် မင်းသမီး ပိုးကြာဖြူခင်ကတော့ MRTV-4 ဇာတ်လမ်းတွဲတွေ ရိုက်ကူးရာကနေ အောင်မြင် ကျော်ကြားလာတဲ့ အနုပညာတစ်လက် ပဲဖြစ်ပါတယ်။ပရိသတ်တွေ အပေါ်နဲ့ အလုပ်ပေါ်ကို လေးစားချစ်ခင်တဲ့ သူမက ဖေဖော်ဝါရီလ (၁)ရက်နေ့ကတည်းက ဒီနေ့အချိန်ထိ ပြည်သူပရိသတ်တွေနဲ့ တစ်သား တည်း လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ကြိုးစား လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Photo Credit - Poe Kyar Phyu Khin FB Page
Photo Credit - Poe Kyar Phyu Khin FB Page
Photo Credit - Poe Kyar Phyu Khin FB Page
Photo Credit - Poe Kyar Phyu Khin FB Page

ပိုးကြာဖြူခင်က လမ်းမပေါ်နေ့တိုင်းထွက်ကာ လူငယ်တွေရဲ့ အနာဂတ်အတွက် ပြည်သူလူထုနဲ့အတူ ကိုယ်တိုင်ပူးပေါင်းကာ အားဖြည့်နေတာကြောင့် ပရိသတ်တွေကလည်း အားပေးရကျိုး နပ်လို့ ချီးကျူးနေကြတာ ပဲဖြစ်ပါတယ်။အခုလိုမျိုး ပြည်သူတွေနဲ့ စည်းလုံးညီညွှတ်စွာ ရှိနေတဲ့အပြင် သူမနိုင်သလောက် အလှူအတန်းတွေကို ပြုလုပ်ကာ တစ်ယောက်နဲ့ တစ်ယောက် ကူညီဖေးဖနေကြတာလည်း တွေ့ရပါတယ်။ပြည်သူပရိသတ်တွေအတွက် သတင်းအချက်အလက်တွေကိုလည်း သူမရဲ့ Facebook စာမျက်နှာထက်တွင် ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။

Photo Credit - Poe Kyar Phyu Khin FB Page
Photo Credit - Poe Kyar Phyu Khin FB Page
Photo Credit - Poe Kyar Phyu Khin FB Page
Photo Credit - Poe Kyar Phyu Khin FB Page

မနေ့ကဆိုရင်တော့ ပိုးကြာဖြူခင်က "ဒီနေ့ညနေ အောက်ပုဇွန်တောင် သပိတ် အောင်မြင်စွာပြီးဆုံးပါပြီ ?????ဆန္ဒပြနေတုန်း စစ်ကား ၃ စီးရောက်လာလို့ ၅စက္ကန့်အတွင်း လူစုခွဲ ကိုယ်ယောင်ဖျောက် ?? ပြီးတော့ ချက်ချင်းလူပြန်စုပြီး ငြိမ်းချမ်းစွာ ဆန္ဒဆက်ပြခဲ့ကြပါတယ် ❤️????"ဆိုပြီး ရေးသားဖော်ပြကာ မမောမပန်း ရှေ့ကနေ ဦးဆောင်နေတာ ပဲဖြစ်ပါတယ်။လူထုလှုပ်ရှားမှုတွင် တစ်ထောင့်တစ်နေရာကနေ ပါဝင် ဆောင်ရွက်ကာ ဆက်လက်ချီတတ်နေတဲ့ ပိုးကြာဖြူခင်ရဲ့ ပုံရိပ်တွေကို တစ်ဆင့်ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Poe Kyar Phyu Khin FB Page
Photo Credit - Poe Kyar Phyu Khin FB Page
Photo Credit - Poe Kyar Phyu Khin FB Page
Photo Credit - Poe Kyar Phyu Khin FB Page

သတင်း အရင်းအမြစ်Poe Kyar Phyu Khin FB page

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T