ဒီကာလအတွင်းမှာ ပြောင်းလဲသွားတဲ့ မြန်မာပြည်သူပြည်သားတွေရဲ့ကောင်းချက်တွေကို သူမြင်တဲ့အတိုင်း တစ်ခုချင်းစီပြောပြလာတဲ့ ဖိုးချစ်

//s9.kh1.co/de/de265dac6fcae3b46cb8db25cce90f3630549930.jpg
အနုပညာရှင်များ

 ၀၆-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ဒီကာလအတွင်းမှာ ပြောင်းလဲသွားတဲ့ မြန်မာပြည်သူပြည်သားတွေရဲ့ကောင်းချက်တွေကို သူမြင်တဲ့အတိုင်း တစ်ခုချင်းစီပြောပြလာတဲ့ ဖိုးချစ်

ဇာတ်သဘင်လောကမှာ မသိသူမရှိလောက်အောင် ထင်ရှားကျော်ကြားသူတစ်ဦးဖြစ်တဲ့ ဖိုးချစ်ကတော့ ပြည်သူပရိသတ်တွေနဲ့ တစ်သားတည်းရပ်တည်နေတာ ဖြစ်ပါတယ် ။ ဖိုးချစ်က လူထုလှုပ်ရှားမှုတွေမှာ သူကိုယ်တိုင်ပါဝင်သလို လူမှုကွန်ယက်စာမျက်နှာကနေ ပြည်သူတွေအတွက် စိတ်ခွန်အားဖြစ်စေမယ့် အားပေးစကားတွေကို ပြောကြားပေးနေတာလည်း ဖြစ်ပါတယ် ။ ဒါ့အပြင် ဖိုးချစ်က ပြီးခဲ့တဲ့လကပဲ မြန်မာနိုင်ငံဇာတ်သဘင်အစည်းအရုံး(ဗဟို)ရဲ့ ဥက္ကဋ္ဌနေရာကနေ နှုတ်ထွက်ကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ် ။

Photo Credit - Phoe Chit's FB Acc
Photo Credit - Phoe Chit's FB Acc
Photo Credit - Phoe Chit's FB Acc
Photo Credit - Phoe Chit's FB Acc

အနုပညာရှင်များအဖွဲ့နဲ့အတူ လူထုလှုပ်ရှားမှုတွေကို အားသွန်ခွန်စိုက်ပြုလုပ်ခဲ့တဲ့ ဖိုးချစ်က နိုင်ငံအတွက် အကျိုးရှိအောင် အုတ်တစ်ချပ်သဲတစ်ပွင့်အနေနဲ့ ပါဝင်နေတာ ဖြစ်ပါတယ် ။ ဖိုးချစ်က နေ့တိုင်းနီးပါး အပင်ပန်းခံပြီး ကြိုးစားခဲ့သလို ပြည်သူတွေအတွက် စားစရာတွေပါ ဝေငှပေးခဲ့တာလည်း ဖြစ်ပါတယ် ။ အခုလည်း ဖိုးချစ်က "တိုင်းပြည်အတွက် အကောင်းတွေပဲဖြစ်လာမှာ..ကျုပ်တို့ နိုင်နေပါပြီCommunity Spirit ရှိတာ နိုင်တယ်...စည်းကမ်းရှိတာ အစွန်းရောက်စိတ်တွေ မရှိတော့တာ ဘာသာရေးမုန်းတီးမှု မရှိတော့တာ ဘာသာခြားတာနဲ့ မမုန်းတော့တာနိုင်တယ် လူဆိုးလူကောင်းကအသားရောင်သွင်ပြင်လက္ခဏာနဲ့မဆိုင်၊ နှလုံးသားလှသူနဲ့မလှသူ ခွဲခြားတတ်လာတာ ဖြူဖွေးနုဖတ်နေပေမယ့် မိစ္ဆာဖြစ်နေနိုင်သလို အသားရေမွဲခြောက်ခြောက် အောက်ခြေလူတန်းစားကလည်း သူရဲကောင်းဆိုတာ သိလိုက်ရတာနိုင်တယ် ပညာတွေတတ်ပေမယ့် လူယုတ်မာဖြစ်နေနိုင်သလို မူလတန်းပဲပြီးခဲ့ပေမယ့် ဓမ္မအဓမ္မ ခွဲနိုင်သူတွေရှိတာသိလိုက်ရတာ ..."

Photo Credit - Ayarwaddy Lu Min's FB Acc
Photo Credit - Ayarwaddy Lu Min's FB Acc
Photo Credit - Ayarwaddy Lu Min's FB Acc
Photo Credit - Ayarwaddy Lu Min's FB Acc

"သူတော်ကောင်းဆိုတာ သာသနာပြုမှ၊ ဘုရားတရားလုပ်မှ သူတော်ကောင်းမဟုတ်..ဖရဲသီးသည်လေးက အချဉ်ပေါင်းရောင်းသူကသူတော်ကောင်းဆိုတာ သိလာရတာနိုင်တယ်...နောက်မျိုးဆက် လူငယ်တွေလက်ထဲ ဒီနိုင်ငံအပ်လို့ရပြီဆိုတာ သိလိုက်ရတာနိုင်နေပြီ အခုအင်အားညီညွတ်မှု ၊အချင်းချင်းဖေးမကူညီမှု ပြင်းပြတဲ့စိတ်တွေရှိနေမှတော့ နောက်(၁၀)နှစ်မဟုတ် အချိန်ခဏနဲ့ အားလုံးကိုကျော်ဖြတ်နိုင်တော့မှာပါ အောင်မြင်စေကြောင်းအကြောင်းတရား(၄)ပါး....ဝီရိယရှိရမယ်တဲ့ လူငယ်လူကြီးတွေဒီထက်ပဲ ဝီရိယရှိရဦးမလား။ ဆန္ဒတဲ့ ပြင်းပြင်းရှရှ စိတ်အားထက်သန်မှုက သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးပါပဲ။ စိတ်တ စိတ်ဓါတ်ခိုင်မာမှု၊ ညီညွတ်မှု ကိုယ်ချင်းစာတရားနဲ့ ဖေးမမှု၊ ရမ်းကားမှုမရှိ စာနာစိတ်တွေရှိနေတာမျက်မြင်။ ဥာဏ ဥာဏ်ပညာကတော့ ဘယ်တုန်းက ဘယ်သူတွေမှမမှီတဲ့ အတွေးတွေ စဉ်းစားပုံစဉ်းစားနည်းတွေ ဘယ်ခရီး ဘယ်ထီးနဲ့တော်တယ် ဘယ်လမ်းဘယ်ပန်းနဲ့တော်တယ်ဆိုတာ အလိုလိုသိနေကြတဲ့ လူငယ်တွေ လူကြီးတွေလေ ကဲ ကျုပ်တို့ခရီးဘယ်မနီးဘဲနေတော့မလဲ....ဖိုးချစ်" ဆိုပြီး သူ့ရဲ့Facebook Account မှာ တင်ထားတာ ဖြစ်ပါတယ် ။ ဖိုးချစ်ကတော့ လတ်တလောကာလအတွင်းမှာ သူမြင်တွေ့ခဲ့ရတဲ့ ပြည်သူတွေရဲ့ပြောင်းလဲမှုတွေကို တစ်ခုချင်းစီ အသေးစိတ် ပြောပြထားတာ ဖြစ်ပါတယ် ။

Source & Photo Credit - Phoe Chit's FB Acc

Photo Credit - Ayarwaddy Lu Min's FB Acc
Photo Credit - Ayarwaddy Lu Min's FB Acc
Photo Credit - Ayarwaddy Lu Min's FB Acc
Photo Credit - Ayarwaddy Lu Min's FB Acc
Photo Credit - Phoe Chit's FB Acc
Photo Credit - Phoe Chit's FB Acc
Photo Credit - Phoe Chit's FB Acc
Photo Credit - Phoe Chit's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T