သရုပ်ဆောင် အိစိကွေးကတော့ ကလေးဘဝကတည်းက ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာလည်း လူငယ်ပီပီ ရှေ့ဆုံးကနေ ဦးဆောင်ပါဝင် ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။ အိစိကွေးကတော့ အရေးကြုံလာတိုင်း ပြည်သူတွေနဲ့အတူ တစ်သွေးတည်း တစ်သားတည်း ရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဆိုရင်လည်း မမှားနိုင်ပါဘူးနော်။


နေ့စဉ်လမ်းပေါ်ထွက်ကာ ရင်ထဲက ဆန္ဒအမှန်တရားတွေကို ထုတ်ဖော်ပြသနေပြီး ကျဆုံးသွားတဲ့ သူရဲကောင်းတွေရဲ့ မိသားစုဝင်တွေအတွက်လည်း အလှူငွေတွေ ပါဝင်လှူဒါန်းပေးနေတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း အလှူတွေလာခံရင် အရမ်းလှူချင်တယ်။ လိုအပ်နေတာတွေတွေ့တော့လည်း မနေနိုင်ဘူး လက်ထဲလည်းဘာမှမရှိတော့တာကြောင့် စိတ်မကောင်းဖြစ်နေတာလည်း ဖြစ်ပါတယ်။ သို့သော်လည်း သူလုပ်ပေးနိုင်တဲ့ဘက်ကနေတော့ အမြဲပါဝင်လုပ်ဆောင်ပေးနေတာကြောင့်လည်း ပရိသတ်တွေက ချီးကျုးနေကြတာပါ။


မကြာသေးခင် နာရီပိုင်းလောက်ကလည်း အိစိကွေးရဲ့လူမှုကွန်ယက်စာမျက်နှာမှာ လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ရင်း မမျှော်လင့်ဘဲ ကွယ်လွန်သွားခဲ့ကြတဲ့ သူရဲကောင်းတွေအတွက် ဖယောင်းတိုင်ထွန်းကာ ဆုတောင်းမေတ္တာပို့သခဲ့တဲ့ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ သူကလည်း " ရင်ထဲမှာ ထာဝရရှိနေမှာပါ.........." ဆိုပြီးလည်း ဝမ်းနည်းစကားရေးသားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် အိစိကွေးရဲ့သတင်းလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ရပြီး မြန်မာပြည်သူပြည်သားတွေအားလုံး အမြန်ဆုံးငြိမ်းအေးချမ်းသာကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source and Photo Crd-Eisi Kway’s Facebook Account


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။