တွေ့မြင်နေကျ ဂဏန်းပုံစံနဲ့ ထူးထူးခြားခြား ကွဲထွက်နေတဲ့ မြားဂဏန်း

//s9.kh1.co/a0/a0ccc9aff443b65ef00f7f80b16f21d6b3bb7ef8.jpg
ဗဟုသုတအဖြာဖြာ

 ၀၄-မတ်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ဂဏန်းတွေဆိုတာဟာ ကိုယ်ခဏခဏမြင်တွေ့နေကျ သက်ရှိတွေဆိုပေမယ့် ကမ္ဘာပေါ်မှာ ရှိတဲ့ ဂဏန်းအားလုံးကို လက်မအကြီးကြီးတွေရှိတဲ့ အကောင်တွေလို့ ထင်ရင် မှားသွားပါလိမ့်မယ်။

ဒါ့​ကြောင့်ယခုတစ်ခေါက်မှာဆိုရင်လည်း ပရိသတ်တွေကို မြားဂဏန်းလို့ခေါ်တဲ့ သက်ရှိလေးတွေအကြောင်းကို ဖော်ပြပေးချင်ပါတယ်။

Photo from google
Photo from google
Photo from google
Photo from google

များသောအားဖြင့် ပရိသတ်တွေ တွေ့မြင်နေကျ ဂဏန်းတွေဟာ လက်မအကြီးကြီး နှစ်ဖက်နဲ့ ခြေချောင်း ၊ လက်ချောင်းတွေ အများကြီးပါတဲ့အကောင်တွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် မြားဂဏန်းကတော့ အခြားသောဂဏန်းတွေလို လက်မအကြီးကြီးတွေ မရှိပါဘူး။

သူ့မှာ သေးငယ်သော လက်ချောင်း ခြေချောင်း အနည်းသာပါရှိပြီး ပုံသဏ္ဍန်က ပင့်ကူနဲ့ အနည်းငယ်ဆင်တူပါတယ်။

Photo from google
Photo from google
Photo from google
Photo from google

ထိုမြားဂဏန်းလေးတွေရဲ့အရွယ်အစားကတော့ ၁လက်မလောက်သာရှိပြီး ခြေတံတွေကတော့ ၄လက်မ အထိရှိပါတယ်။အခြားသော ဂဏန်း​​​တွေနဲ့မတူပဲ ဦးခေါင်းရဲ့ထိပ်မှာလည်း ချွန်ထက်တဲ့ ဆူးညှောင့်လိုပုံစံ အချွန်တစ်ခုပါရှိပါတယ်။

ပုံမှန်အားဖြင့် ထူးဆန်းတဲ့ပုံစံနဲ့ မြားဂဏန်းတွေကို တွေ့မြင်ရခဲလှပြီး အနီးကပ် သေချာလေ့လာချင်သူများအတွက် အင်္ဂလန်နိုင်ငံက ငါးပြတိုက်တစ်ခုမှာ ပြသထားတယ်လို့သိရပါတယ်။

Photo from google
Photo from google
Photo from google
Photo from google

သတင်း အရင်းအမြစ်Wikipedia

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T