သက်ရှိတွေကို ဖမ်းယူစားသောက်ပြီး ရှင်သန်ကြီးထွားကြတဲ့ နွယ်ငန်း ခေါ် အသားစားနွယ်ပင်

//s9.kh1.co/4a/4a5b9f42c8edb6b0ef68f873b11ff01b1368872d.jpg
ဗဟုသုတအဖြာဖြာ

 ၀၂-မတ်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

နွယ်ငန်း (သို့မဟုတ်) အသားစားနွယ်ပင်တွေဟာ တောတောင်ထူထပ်တဲ့နေရာတွေမှာ ပေါက်ရောက်ကြပါတယ်။

ဒီအသားစားနွယ်ပင်တွေမှာ ရေဘဝဲလက်တံတွေကဲ့သို့ လိုသလိုရွှေ့လျား ရစ်ပတ်နိုင်တဲ့ လက်တံများရှိပြီး ဒီလက်တံတွေကပဲ သူတို့ရဲ့ အကောင်းဆုံး သားကောင်ဖမ်း လက်နက်ဖြစ်နေတာပဲ ​ဖြစ်ပါတယ်။ဒီအသားစားနွယ်ပင်တွေဟာ အစာအနေနဲ့ သူတို့အနားရောက်လာတဲ့ သက်ရှိသတ္တဝါတွေကိုသာ ရစ်ပတ်စားသုံးလေ့ရှိကြပါတယ်။

Photo from google
Photo from google

ဒီအသားစားနွယ်ပင်တွေဟာ ရှင်သန်ကြီးထွားဖို့အတွက် ကာဗွန်ဒိုင်အောက်ဆိုဒ်အပြင် နိုက်ထရိုဂျင်ဓာတ်ကိုလည်း လိုအပ်ပါတယ်။

၄င်းနွယ်ပင်တွေဟာ အခြားအပင်တွေရဲ့ ခြေရင်းမှာ ပေါက်နေတာကြောင့် အစာရေစာ အလုံအလောက်ရရှိရန် မလွယ်ပါဘူး။ ဒါ့ကြောင့် သူတို့ရဲ့ အစာအာဟာရအတွက် အနားကိုရောက်လာတဲ့ ပိုးမွှားတွေကို ဖမ်းယူစားသောက်ပြီး နိုက်ထရိုဂျင်ဓာတ်ကို ထုတ်ယူကြပါတယ်။

Photo from google
Photo from google
Photo from google
Photo from google

နွယ်ငန်းပင်တွေမှာ ဆင်နှာမောင်းနဲ့တူတဲ့ တင်တီကယ်အမျှင်များရှိပြီး မိမိတို့အနားကို သက်ရှိသတ္တဝါများရောက်လာပါက တွန့်လိမ် ရစ်ပတ်ပြီး အပင်ခြေရင်းသို့ ဆွဲယူတတ်ပါတယ်။ အရစ်ပတ်ခံရတဲ့ သတ္တဝါဟာ ရုန်းကန်တွန်းလှန်နိုင်ခြင်း မရှိပါက အပင်ခြေရင်းမှာပဲ သေကြေပျက်စီးရပါတယ်။နွယ်ငန်း အပင်ငယ်မျိုးကို မြန်မာပြည်မှာလည်းတွေ့နိုင်ပြီး အာဖရိကမှာတော့ လူနဲ့ သတ္တဝါကြီးများကိုတောင် ဖမ်းယူစားသောက်နိုင်တဲ့ နွယ်ငန်းပင်ကြီးများ ရှိကြပါတယ်။

Photo from google
Photo from google
Photo from google
Photo from google

သတင်း အရင်းအမြစ်Sixth Sense

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T