မင်းသားဝေဠုကျော်ကတော့ တစ်ခေတ်တခါက အနုပညာလောကမှာ လူကြီးလူငယ်မရွေး သဘောကျအားပေးချစ်ခင်ခဲ့ရတဲ့ ဝါရင့်သရုပ်ဆောင်မင်းသားကြီးပဲဖြစ်ပါတယ်။ ယနေ့အချိန်ထိလည်း ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိနေဆဲဖြစ်ပြီး အောင်မြင်မှုတွေနဲ့ ရပ်တည်နေတဲ့သူပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ဝေဠုကျော်က အနုပညာအလုပ်တွေထက် ပြည်သူတွေ အကျိုးရှိစေမယ့် ပရဟိတလုပ်ငန်းတွေကို ဦးဆောင်လုပ်ကိုင်နေပြီး တစ်နေ့တာရဲ့ အချိန်တွေကို အဓိပ္ပာယ်ရှိရှိဖြတ်သန်းနေတဲ့ ပရဟိတမင်းသားတစ်ဦးပဲဖြစ်ပါတယ်။



မကြာခဏဆိုသလို သူ့ရဲ့နေ့စဥ်ပရဟိတလုပ်ငန်းတွေမှာ လုပ်ကိုင်ပေးနေတဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို အလှူရှင်တွေနဲ့ပြည်သူတွေ ကြည်နူးပီတိဖြစ်အောင် အမြဲဖော်ပြပေးပါတယ်။လတ်တလော ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာလည်း ဝေဠုကျော်က တက်နိုင်တဲ့ဘက်ကနေ လူစုလူဝေးရှိတဲ့နေရာတွေမှာ Medical Cover အဖြစ် mask များဝေခြင်း၊ ဆေးဝါးများဖြင့် စောင့်ရှောက်ပေးခြင်းများကို ကူညီဆောင်ရွက်ပေးခဲ့တာကိုလည်း တွေ့မြင်ရပါတယ်။ ယခုဆိုရင်တော့ ဝေဠုကျော်က ပြည်သူတွေအတွက် တက်နိုင်တဲ့ဘက်ကနေ ကူညီပေးခဲ့တဲ့ မှတ်တမ်းတင် ပုံရိပ်လေးတွေကိုတင်ပေးခဲ့ပါတယ်။



ဒီပုံတွေထဲမှာတော့ ဝေဠုကျော်တို့ အသင်းက ဗဟန်းရပ်ကွက်ထဲက ဖြစ်စဥ်တစ်ခုမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ သူများအတွက် ဆေးဝါးများဖြင့် စောင့်ရှောက်ပေးခြင်းများကို ကူညီဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။ ဝေဠုကျော်ကတော့ ပြည်သူတွေနဲ့အတူ အမြဲရှိနေပြီး လိုအပ်တဲ့အချိန် ဘယ်လိုနေရာတွေပဲဖြစ်ဖြစ် ကူညီပေးတဲ့ လေးစားစရာ အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။ ကဲ..ပရိသတ်ကြီးရေ ပြည်သူ့ပရိသတ်တွေအတွက် အမြဲကူညီပေးနေတဲ့ ပရဟိတမင်းသားကြီး ဝေဠုကျော်ကို ဂုဏ်ပြုစကားလေးပြောပေးခဲ့ပါဦး။



သတင်းအရင်းမြစ်: Source - Wai Lu Kyaw foundation
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။