သင် ဆေးလိပ်သောက်နေတုန်းပဲလား ?

//s9.kh1.co/12/1258f9308abe82a69f00280dd4164eaf1381564e.jpg
ဗဟုသုတအဖြာဖြာ

 ၁၇-ဖေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ဆေးလိပ်သောက်ခြင်းက ကျန်းမာရေး ဆိုးရွားစွာထိခိုက်စေတယ်ဆိုတာက လူတိုင်းသိကြပေမယ့် သောက်နေတဲ့သူတွေ အများကြီးမှ အများကြီးပါပဲ။

တစ်လိပ်စ နှစ်လိပ်စ စမ်းသောက်ကြည့်ရာကနေ နောက်ပိုင်းစွဲသွားကြပြီး ဆေးလိပ်က နေ့စဥ်ဘဝဖြတ်သန်းဖို့အတွက် မရှိမဖြစ်လိုအပ်ချက် တစ်ခုလို ဖြစ်လာကြပါတယ်။

ဆေးလိပ်စွဲနေသူတွေဟာ ဆေးလိပ်မသောက်ရရင် တစ်မျိုးလိုနေသလိုလို ၊ ခံတွင်းချဥ်နေသလိုလိုမျိုး ဖြစ်နေတတ်ပြီး ဆေးလိပ်သောက်လိုက်ရမှသာလျှင် အာသာပြေပီး နေလို့ထိုင်လို့ ကောင်းတယ်လို့ ဆိုကြပါတယ်။

Photo from google
Photo from google

ဒါပေမယ့် ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေတဲ့အတွက် ပရိသတ်တွေကို ဆေးလိပ်သောက်ခြင်းကနေ ရရှိလာနိုင်တဲ့ ဆိုးကျိူးတွေကို ဖော်ပြေပေးချင်ပါတယ်။

ဆေးလိပ်အသောက်များလာပီဆိုရင် မျက်စိအောက်မှာ မျက်ပျဉ်းဖြစ်ပေါ်လာတတ်သလို သွားတွေကိုလည်း ပျက်ဆီးစေပါတယ်။

ဒါ့အပြင် အနီအထုတွေထတဲ့ အရေပြားရောဂါ တစ်မျိုးကိုလည်း ဖြစ်ပေါ်စေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်လာစေပါတယ်။

Photo from google
Photo from google

ဆေးလိပ်သောက်တာဟာ နုပျိုမှုတွေ ပျောက်ဆုံးပီး အရေးအကြောင်းတွေလည်း ထင်းလာနိုင်သလို ဆံပင်ဆံသားတွေကိုပါ ပျက်ဆီးစေပါတယ်။

နောက်ထပ်ဆိုးရွားတာ တစ်ခုကတော့ ဆေးလိပ်သောက်တာဟာ ပါးစောင်နဲ့ သွားဖုံးကင်ဆာတွေကို ဖြစ်စေနိုင်ပါတယ်။

အဆိုးဆုံးကတော့ အဆုပ်ကင်ဆာကို ဖြစ်စေနိုင်တာပါပဲ။

ဒါ့ကြောင့် ပရိသတ်တွေလည်း ဒီသတင်းလေးကိုဖတ်ပီး ဆေးလိပ်လျော့သောက်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။

Photo from google
Photo from google
Photo from google
Photo from google

သတင်း အရင်းအမြစ်Healthline

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T