မွေးကင်းစကလေးလေးကို ပလတ်စတစ်အိတ်ထဲထည့်ပီး အမှိုက်ပုံမှာလာပစ်တဲ့ မိခင်တစ်ယောက်ရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/04/043d1fbafa86fd66c3edbd9c7bfb6f7d8e928f8c.jpg
ဗဟုသုတအဖြာဖြာ

 ၂၉-ဇန်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.


တရုတ်နိုင်ငံက Ms Li လို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက်ဟာ ပြီးခဲ့တဲ့ မေလလောက်က သူမရဲ့ချစ်သူကောင်လေးနဲ့ လမ်းခွဲပြတ်စဲခဲ့ပါတယ်။ဒါပေမယ့် သူမဟာ လမ်းခွဲပြတ်စဲတဲ့အချိန်မှာ ချစ်သူကောင်လေးနဲ့ ရထားတဲ့ ကိုယ်ဝန်ကို လွယ်ထားရနေပါပြီ။Ms Li ဟာဒီကစ္စကို သူမရဲ့မိသားစုကိုလည်း မပြောပြချင်တာကြောင့် သူမရထားတဲ့ကိုယ်ဝန်ကိုအိမ်က မသိအောင် ဖုံးဖိထားခဲ့ပါတယ်။

photo credit - Daily Star
photo credit - Daily Star

အဲ့ဒီနောက် ကလေးလေးမွေးဖွားပြီးတဲ့အချိန် ပြီးခဲ့တဲ့ ဒီဇင်ဘာလလောက်က Ms Li ဟာသူမရဲ့ မွေးကင်းစကလေးလေးကို ပလတ်စတစ်အိတ်ထဲထည့်ပြီး အမှိုက်ပုံမှာ လာရောက်စွန့်ပစ်ခဲ့ပါတယ်။ ကံဆိုးချင်တာက သူမလာရောက်စွန့်ပစ်တဲ့ အနီးနားမှာ cctv ရှိတာကြောင့် သူမဘယ်အချိန်မှာ လာစွန့်ပစ်လဲဆိုတာကအစ အကုန်သိနိုင်နေတာပါပဲ။Cctv မှတ်တမ်းအရတော့ Ms Li ဟာ ယိုင်နဲ့နဲ့ ခြေလှမ်းတွေနဲ့ အမှိုက်ပုံးဆီလျှောက်လာခဲ့ပြီး ကလေးငယ်လေးကို စွန့်ပစ်ကာ တစ်ခါတည်း ပြန်ထွက်သွားခဲ့တာကိုတွေ့ရပါတယ်။

photo credit - Daily Star
photo credit - Daily Star
photo credit - Daily Star
photo credit - Daily Star

ဒီကလေးလေးကိုတော့ Ms Li စွန့်ပစ်သွားပြီး ကိုးနာရီလောက်အကြာမှာ လမ်းသွားလမ်းလာ တစ်ယောက်က တွေ့ရှိခဲ့တာကြောင့် ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ ရဲတပ်ဖွဲ့ဝင်တွေဟာ အနီးနားက cctv ကနေ ဒီကလေးကို Ms Li လာရောက်စွန့်ပစ်သွားတာကိုသိရှိခဲ့ပြီး Ms Li ကိုလူသတ်မှုနဲ့ ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။ကိုယ်အချစ်နယ် ကျွံ့လို့ရလာတဲ့ ကလေးလေးကို အခုလိုမျိုးကြီး ရက်ရက်စက်စက်တော့ မစွန့်ပစ်သင့်ပါဘူး……………………………..

photo credit - Daily Star
photo credit - Daily Star
video credit - Daily Star

သတင်း အရင်းအမြစ်Daily star

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T