မွေးနေ့ကျင်းပတိုင်း မွေးနေ့ကိတ်ပေါ်မှာ ဖယောင်းတိုင်ထွန်းတာကို လူတိုင်းသိကြပေမယ့် ဘာကြောင့်ထွန်းကြလဲဆိုတာကို မသိတဲ့သူတွေအများကြီးပဲ ။ ဒါ့ကြောင့် ပရိသတ်တွေကို မွေးနေ့ကိတ်ပေါ်မှာ ဖယောင်းတိုင်းထွန်းတဲ့ ဓလေ့ဟာ ဘယ်လိုဖြစ်ပေါ်လာလဲဆိုတာကို ပြောပြပေးချင်ပါတယ်။
မွေးနေ့ကိတ်ပေါ်မှာ ဖယောင်းတိုင်ထွန်းတဲ့ ဓလေ့ဟာ ဟိုးအရင်ခေတ်တွေတည်းက ပေါ်ထွန်းခဲ့တာ ဖြစ်ပြီး ရှေးခေတ် ဂရိလူမျိုးတို့ရဲ့ နတ်ဘုရားမ Artemis ကိုပူဇော်တာဖြစ်တယ်လို့ လည်း သိရပါတယ်။ နတ်ဘုရားမ Artemis ဆိုတာ Zeus နတ်မင်းကြီးရဲ့ သမီးတော် တစ်ပါး ဖြစ်ပြီး အမဲလိုက်တာကိုနှစ်သက်တဲ့ နတ်ဘုရားမတစ်ပါးလည်း ဖြစ်ပါတယ်။ မွေးနေ့ကိတ်ပေါ်မှာ ဖယောင်းတိုင်လေးတွေကို စက်ဝိုင်းပုံစံ ထွန်းပေးထားရတဲ့ အကြောင်းရင်းကတော့ အပျိုစင် လနတ် သမီးကိုရိုမန်တစ် ဆန်ဆန် ဆုတောင်းပေးကြတာပဲ ဖြစ်ပါတယ်။
ဒီလို ဆုတောင်းပေးခြင်းဖြင့် နတ်သမီးက သင်တို့ကို ပြန်လည် စောင့်ရှောက်ပြီး တောလိုက် ရာ ၊သားကောင်ရှာရာ မှာ အဆင်ပြေ လွယ်ကူ ပြီး ဘဝမှာ သာယာချမ်းမြေ့ မှုတွေ ရှိစေတယ်လို့ ရှေးခေတ် ဂရိလူမျိုးတွေက ယုံကြည်ထားပါတယ်။ ဒီအကြောင်းရာကတော့ google မှာရှာဖွေတွေ့ရှိတဲ့ အကြောင်းအရာထဲကနေ ကောက်နုတ်ဖော်ပြပေးထားတာဖြစ်ပြီး ပရိသတ်တွေလည်း မသိသေးတာ တစ်ခုကိုသိလိုက်ရတဲ့အတွက် သဘောကြကြမယ်လို့ထင်ပါတယ်။
သတင်း အရင်းအမြစ်៖ Once A Glance