သမီးလေး Treasureစိတ်တိုင်းကျတဲ့မုန့်တွေကို မငြီးမငြူလိုက်၀ယ်ပေးနေပြီး သမီးလေးကိုဂရုတစိုက်နဲ့ အချစ်ပိုနေရှာတဲ့ စန္ဒီမြင့်လွင်ရဲ့ဗီဒီယိုလေး

//s9.kh1.co/36/36b8d67bac044b185388c14fdfbf672ee6da9cf4.jpg
အနုပညာရှင်များ

 ၂၆-ဇန်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေများစွာရရှိထားသလို ကြင်နာတတ်တဲ့ခင်ပွန်းနဲ့ ချစ်စရာကောင်းလွန်းတဲ့သမီးလေးတို့နဲ့အတူ ကြည်နူးအားကျစရာ မိသားစုဘဝလေးကို ဖြတ်သန်းနေသူကတော့ စန္ဒီမြင့်လွင်ပဲ ဖြစ်ပါတယ်နော်..။ စန္ဒီမြင့်လွင်ကတော့ အဆိုပိုင်းမှာလည်း အမိုက်စားသီချင်းကောင်းတွေကို သီဆိုတတ်တဲ့သူဖြစ်ပြီး ပရိသတ်အားပေးမှုအပြည့်အ၀ ရရှိခဲ့တာဖြစ်တဲ့အပြင် သရုပ်ဆောင်ပိုင်းမှာပါ ထူးချွန်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။

Photo credit-Sandy Myint Lwin's Facebook page
Photo credit-Sandy Myint Lwin's Facebook page
Photo credit-Sandy Myint Lwin's Facebook page
Photo credit-Sandy Myint Lwin's Facebook page

သမီးငယ်လေး Treasureလေးဟာလည်း ဒီးဒီလိုမျက်နှာပြည့်ပြည့်လေးနဲ့ ချစ်စရာကောင်းတဲ့ကလေးလေးဖြစ်ပြီး အရွယ်နဲ့မလိုက်အောင်နှုတ်ခမ်းလေးစူပြီးလည်း ပို့စ်ပေးတတ်တာကြောင့် ပရိသတ်တွေရဲ့အချစ်ကိုရရှိနေတာလည်းဖြစ်ပါတယ်။ Treasureလေးရဲ့ချစ်ဖို့ကောင်းတဲ့ အမူအရာအပြုအမူလေးတွေကြောင့် ပရိသတ်တွေကလည်း Treasureလေးကိုချစ်ကြကာ ပုံလေးတွေမကြာခဏတင်ပေးဖို့တောင်းဆိုကြတာလည်းဖြစ်ပါတယ်နော်.....။

Photo credit-Sandy Myint Lwin's Facebook page
Photo credit-Sandy Myint Lwin's Facebook page
Photo credit-Sandy Myint Lwin's Facebook page
Photo credit-Sandy Myint Lwin's Facebook page

အခုဆိုရင်လည်း မေမေဒီးဒီဟာသူမရဲ့ Instagram accလေးမှာ ခင်ပွန်းဖြစ်သူရယ် သမီးလေးရယ်နဲ့အတူ မုန့်၀ယ်သွားနေကြတဲ့ဗီဒီယိုလေးကိုတင်ပေးလာပါတယ်။ ဒီးဒီဟာ သမီးလေးစားချင်တဲ့မုန့်လေးတွေကို ဂရုတစိုက်နဲ့မေးပြီး သေချာ၀ယ်ပေးနေတာလည်းဖြစ်ပါတယ်။ ကဲ.....ပရိသတ်တွေအတွက် Treasureလေးတို့သားအမိနှစ်ယောက်ရဲ့ ဗီဒီယိုလေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Sandy Myint Lwin's Facebook page
Photo credit-Sandy Myint Lwin's Facebook page
Photo credit-Sandy Myint Lwin's Facebook page
Photo credit-Sandy Myint Lwin's Facebook page

သတင်း အရင်းအမြစ်Sandy Myint Lwin's Instagram acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T