မင်းသမီးဆုပန်ထွာကတော့ အနုပညာအလုပ်တွေကို အချိန်အတော်ကြာလုပ်ကိုင်နေခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း အပြည့်အဝရယူထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ သူမကတော့ ကြည်နူးစရာကောင်းတဲ့ မိသားစုလေးကိုတည်ဆောက်ထားပြီး သားလေးတစ်ယောက်ကိုပိုင်ဆိုင်ထားပါတယ်။ သူမကတော့ ယခုမှာ ရေကူးသင်ပြီးအချိန်ခဏအတွင်းရေကူးတက်သွားတဲ့သားလေးကိုကြည့်ပြီး မိခင်တစ်ယောက်အနေနဲ့ဝမ်းသာပီတိဖြာနေခဲ့ပါတယ်။


သူမကတော့ " ဒီနေ့ American Club မှာသူ့ဒယ်ဒယ်ရေကူးသင်ပေးတာ ဒီနေ့တန်းကူးနိုင်သွားတဲ့ မာမားသားလေး။ကိုယ်လည်းသားလေး ကြည့်ပြီးပီတိတွေဖြစ်လို့ပေါ့။ ရေလမ်းခရီးနဲ့ပက်သက်ရင်ဘဝမှာ သားလေးကိုစိတ်ချလို့ရပီလေ။ သူ Roar Roar Kyaw ရေကူးတတ်ပြီကိုး။ ကိုယ်ကအရင်ဆုံးရေထဲမှာခြေထောက်ခပ်ပါသားရဲ့ လက်ကဒီလိုယက်ပါသားရဲ့ မျိုးစုံသင်ပေးတာ မတတ်ပဲ၊ သူ့ဒယ်ဒယ်က Video ထဲကအတိုင်းလက်ယက်တာသင်ပေးထာ ချက်ချင်းကူးနိုင်သွားတယ်။ အမေတစ်ယောက်အနေနဲ့ဒီသားအဖကြည့်ပြီး ပီတိအပြည့် "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာရေးသားထားခဲ့တာပဲဖြစ်ပါတယ်။


သူမကတော့ " အိမ်ရောက်တော့ သားလေးကိုရေကူးတတ်အောင်သင်ပေးတတ်လို့ ဒယ်ဒယ့် Okkar Kyaw ကိုကျေးဇူးတင်စကားလေးပြောမိတဲ့အထိပါ။နောက်တွေးမိတာလေးတစ်ခု အရည်အချင်းရှိတဲ့သားကိုပေးထားတဲ့ Grandpa နဲ့ Grandma ကိုလည်းရင်ထဲအမြဲကျေးဇူးတင်ရင်း "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် သားလေးကိုစနစ်တကျနဲ့ရေကူးသင်ပေးနေတဲ့ ဆုပန်ထွာခင်ပွန်းရဲ့ဗီဒီယိုဖိုင်လေးကိုပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါဗီဒီယိုလေးကို အောက်မှာကြည့်နိုင်ပါတယ်။
Source: SupanHtwar 's facebook acc


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။