ပရိသတ်ကြီးရေ.....အချိန်တိုအတွင်းမှာ ပရိသတ်တွေရဲ့ လက်ခံအားပေးမှုကို အပြည့်အ၀ရယူနိုင်ခဲ့ပြီး beauty bloggerတစ်ယောက်အနေနဲ့ကနေ ရုပ်ရှင်မင်းသမီးတစ်ယောက်အနေနဲ့ရပ်တည်လာတဲ့ နေခြည်ဦးကိုသိကြမယ်ထင်ပါတယ်နော်။ ချီချီဟာ ဇာတ်လမ်းတွဲတွေအပြင် ရုပ်ရှင်ကားကြီးတွေကိုပါ လက်ခံရိုက်ကူးနေတဲ့ ဒိတ်ဒိတ်ကြဲမင်းသမီးတစ်ယောက်လည်းဖြစ်ပြီးတော့ သူမရဲ့ ပွင့်လင်းတဲ့အပြောအဆိုလေးတွေကြောင့်လည်း ပရိသတ်အချစ်ကိုရရှိနေတာပါ။
အခုဆိုရင်လည်းနေခြည်ဟာ ပြင်ဦးလွင်မှာဇာတ်လမ်းတွဲရိုက်ကူးဖို့အတွက်ရောက်ရှိနေတာလည်းဖြစ်ပြီး ချစ်ပန်းဝါဝါဆိုတဲ့ဇာတ်လမ်းကို မင်းသားချောမြင့်မြတ်နဲ့အတူ ရိုက်ကူးနေတာလည်းဖြစ်ပါတယ်။ နေခြည်ဟာရိုက်ကူးရေးတွေတစ်ဖက်နဲ့လုပ်ကိုင်နေရင်း ဒီနေ့ ဇန်နဝါရီလ၂၅ရက်နေ့လေးဟာဆိုရင်လည်း သူမရဲ့ မွေးနေ့လေးပဲဖြစ်ပြီး မွေးနေ့လေးကိုပြင်ဦးလွင်မှာဖြတ်သန်းခဲ့တာဖြစ်ပါတယ်နော်.....။
နေခြည်ဟာ အသက်၂၉နှစ်ပြည့်မွေးနေ့လေးကိုရောက်ရှိခဲ့တာဖြစ်ပြီး မွေးနေ့အမှတ်တရလေးအနေနဲ့ သူမရဲ့အမိုက်စားပုံရိပ်တွေကို မကြာသေးမီကသူမရဲ့ Facebookစာမျက်နှာမှာ "Enjoying my kind of tea party, Happy 29th birthday to me ??...." ဆိုပြီးရေးသားကာ ပရိသတ်တွေအတွက်တင်ပေးလာခဲ့တာဖြစ်ပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
သတင်း အရင်းအမြစ်៖ Nay Chi Oo's Facebook acc