နာမည်ကြီး blogger တစ်ဦးဖြစ်တဲ့ Chessie King ဟာ သူမရဲ့ instagram မှာ လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်ထဲကနေ ပုံတွေတင်ရာကနေ fan တွေရဲ့အရမ်းဝတယ်ဆိုတဲ့ မှတ်ချက်ဆိုးတွေကို ရရှိခဲ့ပါတယ်။ အဲ့ဒီနောက် သူမဝိတ်ကြိုးစားချပြီး ပုံတွေထပ်တင်တဲ့အခါမှာလည်း လက်မောင်းကကြီးတယ် ခြေထောက်က ကြီးတယ်နဲ့ ဆိုးရွားတဲ့မှတ်ချက်ဆိုးတွေကို ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း သူမစိတ်မပျက်ခဲ့ပါဘူး ။ ခန္ဓာကိုယ်အောက်ပိုင်းကို ကြိုးစားဝိတ်ချပြီး လက်အောင်းကိုလည်း သူတို့မြင်ချင်တဲ့အတိုင်း သေးသေးဖြစ်အောင် ကြိုးစားချခဲ့ပေမယ့်လည်း ဆိုးရွားတဲ့ မှတ်ချက်တွေက ရရှိနေဆဲဖြစ်ပါတယ်။
အဲ့ဒီနောက်မှာတော့ သူမဟာ Fans တွေပြောတဲ့အတိုင်း အကုန်လိုက်လုပ်ပေးဖို့ ဆုံးဖြတ်ခဲ့ပြီး ပြင်ခိုင်းသမျှကိုပြင်လိုက်တဲ့အခါမှာတော့ သူမရဲ့ပုံစံဟာ လုံးဝကိုပြောင်းလဲသွားခဲ့ပါတယ်။ သာမန်လူတစ်ယောက်နဲ့ မတူတော့ပဲ ဘာဘီလိုလို ၊ monster တစ်ကောင်လိုလိုနဲ့ ကြည့်ရတာ အရမ်းရုပ်ဆိုးသွားခဲ့ပါတယ်။Chessie ရဲ့ဒီပုံစံကြီးဟာ တိုက်ခိုက်သူfans တစ်ချို့လိုချင်တဲ့ပုံစံဆိုပေမယ့်လည်း သူမဟာအရမ်းရုပ်ဆိုးတယ် ၊ ပုံဆိုးပန်းဆိုးကြီးဆိုပြီး တိုက်ခိုက်ခံရမှုတွေက ရှိနေဆဲပဲဖြစ်ပါတယ်။
တကယ်တော့ Chessie ဟာ သူမရဲ့ fans တွေလိုချင်တဲ့ အခုလိုဆိုးဆိုးရွားရွားပုံစံကြီးကို တကယ်ပြောင်းလဲခဲ့တာမဟုတ်ပါဘူး ။ Edit လုပ်ပီးတော့သာ တိုက်ခိုက်သူfans အချို့စိတ်ကြိုက်ပုံစံကို ပြောင်းပြီး instagram မှာတင်ပေးခဲ့တာပဲဖြစ်ပါတယ်။ နောက်ဆုံးသူမပြောခဲ့တာကတော့ လူတွေလုပ်ခိုင်းသမျှ အရာတိုင်းကို လိုက်လုပ်ဖို့မလိုပါဘူး ၊ သူတို့လုပ်ခိုင်းသလိုသာ ငါလုပ်ခဲ့ရင် ငါက monster တစ်ကောင်လို ဖြစ်သွားမှာပေါ့ ဆိုတာပဲဖြစ်ပါတယ်။ကိုယ့်ကိုချစ်တဲ့သူတွေကတော့ ကိုယ်ဘယ်ပုံစံဖြစ်နေနေ ချစ်နေမှာပဲ ၊ ကိုယ့်ကိုမုန်းလို့ တိုက်ခိုက်သူတွေရဲ့ စကားကိုနားယောင်ပြီး ကိုယ့်ဘဝကြီးကို စတေးဖို့ကတော့ မလိုအပ်ပါဘူး။ လက်ရှိမှာတော့ Chessie ဟာ သူမရဲ့စိတ်တိုင်းကြဘဝလေးကို ဖြတ်သန်းနေပြီး instagram မှာလည်း followes ပေါင်း ၈ သိန်းကျော်ရရှိထားပြီပဲဖြစ်ပါတယ်။ သူမဘယ်လိုအပြောခံခဲ့ရလဲဆိုတာ အောက်က ဗီဒီယိုလေးထဲမှာ ကြည့်လိုက်ရအောင်ဗျာ..............
သတင်း အရင်းအမြစ်៖ Brightside