၄လပြည့်သွားပြီဖြစ်တဲ့ ၀၀ကစ်ကစ်ပါးဖောင်းဖောင်းလေးနဲ့သမီးလေးကို နွေးထွေးတဲ့မိခင်မေတ္တာအပြည့်အ၀ပေးကာ အချစ်ပိုနေတဲ့ ဆန်းသစ်လ

//s9.kh1.co/91/9164c2159da8879db71f95527e1d5bc960376c9c.jpg
အနုပညာရှင်များ

 ၂၃-ဇန်-၂၀၂၁ ၉pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ...တစ်‌ခေတ်တခါကနာမည်ကျော်လူကြိုက်များခဲ့တဲ့ အဆိုတော်မေရွက်ဝါရဲ့ သမီးလေးဖြစ်တဲ့ ဆန်းသစ်လကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ အသံချိုချိုအေးအေးလေးနဲ့လည်း သီချင်းကောင်းလေးတွေကိုသီဆိုတတ်တဲ့အပြင် သရုပ်ဆောင်၊မော်ဒယ်တစ်ယောက်အနေနဲ့ပါရပ်တည်အောင်မြင်ခဲ့တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ အခုလက်ရှိမှာဆိုရင်လည်း ဆန်းသစ်လဟာ ကြည်နူးချမ်းမြေ့စရာကောင်းတဲ့အိမ်ထောင်တစ်ခုကိုတည်ထောင်ထားတာဖြစ်ပါတယ်နော်။

Photo credit-San Thit La's Facebook acc
Photo credit-San Thit La's Facebook acc
Photo credit-San Thit La's Facebook acc
Photo credit-San Thit La's Facebook acc

ဆန်းသစ်လဟာ အိမ်ထောင်ရေးကံကောင်းတဲ့အမျိုးသမီးတစ်ဦးလည်းဖြစ်ပြီး သူမရဲ့ခင်ပွန်းဟာလည်း အမြဲလိုလိုဂရုတစိုက်နဲ့နွေးထွေးကြင်နာတတ်တဲ့ခင်ပွန်းကောင်းတစ်ယောက်ပါနော်။ ဆန်းသစ်လဟာ အခုဆိုရင်လည်း ချစ်စရာကောင်းတဲ့ သမီးငယ်လေးပန်းသီးလုံးလေးကို ရရှိနေပြီလည်းဖြစ်ပြီး သမီးငယ်လေးဟာလည်း အသက်လေးလပြည့်သွားပြီဖြစ်ပါတယ်။

Photo credit-San Thit La's Facebook acc
Photo credit-San Thit La's Facebook acc
Photo credit-San Thit La's Facebook acc
Photo credit-San Thit La's Facebook acc

သမီးလေး ပန်းသီးလုံးလေးဟာလည်း ပါးဖောင်းဖောင်း၀ကစ်ကစ်လေးနဲ့ အရမ်းအသည်းယားစရာကောင်းတဲ့ကလေးလေးဖြစ်ပြီးတော့ မေမေဆန်းသစ်လဟာလည်း သူမရဲ့ Facebookစာမျက်နှာလေးမှာ "မီးမီး ပန်းသီးလုံး​လေး ၄လပြည့်ပါပြီရှင်......မီးမီးရဲ့ အိပ်ချင်မူးတူး ပို့စ်လေးတွေပါရှင့်...." ဆိုပြီးရေးသားကာ ပုံလေးတွေတင်ပေးလာပါတယ်။ ကဲ.....ပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-San Thit La's Facebook acc
Photo credit-San Thit La's Facebook acc
Photo credit-San Thit La's Facebook acc
Photo credit-San Thit La's Facebook acc

သတင်း အရင်းအမြစ်San Thit La's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T