မေမေ့ကိုမခေါ်ပဲ အဖေဖြစ်သူရဲ့လက်လေးကိုဆွဲကာ လျှောက်သွားနေတဲ့ သမီးလေး Scarlettကိုကြည့်ကာ အချစ်ပိုပြီးဗီဒီယိုလေးရိုက်ထားတဲ့ မြတ်ရတနာကျော်

//s9.kh1.co/72/7263929c67fb2b569dee944c553fe1a19ecc38d8.jpg
အနုပညာရှင်များ

 ၂၃-ဇန်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ...... ချစ်စရာကောင်းပြီးအသည်းယားစရာကောင်းလှတဲ့ အာဘွိုင်းနဲ့မြတ်ရတနာကျော်တို့ရဲ့သမီးလေး Scarlett Phyo Tunကိုသိကြမယ်ထင်ပါတယ်‌နော်.....။ အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့ဇနီးမောင်နှံဟာလည်း သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာ အောင်မြင်မှုကိုယ်စီရရှိထားတဲ့သူ‌တွေဖြစ်ပါတယ်။ဒါ့ပြင် အာဘွိုင်းရဲ့romanticဆန်ပြီး ဂရုစိုက်ကြင်နာတတ်တဲ့ခင်ပွန်းကောင်းပီသမှုကြောင့် ပရိသတ်တွေအားကျနေရတဲ့သူဆိုလည်းမှားမယ်မထင်ပါဘူးနော်။

Photo credit-Myat Yadanar Kyaw's Facebook acc
Photo credit-Myat Yadanar Kyaw's Facebook acc
Photo credit-Myat Yadanar Kyaw's Facebook acc
Photo credit-Myat Yadanar Kyaw's Facebook acc

မြတ်ရတနာကျော်တို့ ဇနီးမောင်နှံဟာ သမီးလေး Scarlettရဲ့ပုံလေးတွေကို မကြာခဏတင်ပေးလေ့ရှိပါတယ်။ Scarlettလေးဟာလည်း မျက်လုံးဝိုင်းဝိုင်း ပါးဖောင်းဖောင်းလေးနဲ့ ဖြူဖွေး၀င်းဥနေပြီး ဘာဘီရုပ်မလေးလို အရမ်းအသည်းယားစရာကောင်းတဲ့ ကလေးလေးပါနော်။ ဖေဖေရော မေမေရောရဲ့အချောအလှတွေကို စုပြုံရရှိထားတဲ့ သမီးလေး Scarlettကတော့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အများအပြားရရှိနေတာလည်းဖြစ်ပါတယ်။

Photo credit-Myat Yadanar Kyaw's Facebook acc
Photo credit-Myat Yadanar Kyaw's Facebook acc
Photo credit-Myat Yadanar Kyaw's Facebook acc
Photo credit-Myat Yadanar Kyaw's Facebook acc

မြတ်ရတနာကျော်ဟာ မကြာသေးမီကလည်း သူမရဲ့ Facebook my dayလေးမှာ ခင်ပွန်းဖြစ်သူအာဘွိုင်းနဲ့ သမီးလေး Scarlettတို့ရဲ့ချစ်စရာဗီဒီယိုလေးကိုတင်ပေးလာပါတယ်။ Scarlettလေးဟာ ဖေဖေ့ရဲ့လက်လေးကိုဆွဲပြီး လမ်းပတ်လျှောက်နေကာ အပျော်ကြီးပျော်နေတာဖြစ်ပါတယ်။ ကဲ.....ပရိသတ်တွေအတွက် Scarlettလေးရဲ့ချစ်စရာဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Myat Yadanar Kyaw's Facebook acc
Photo credit-Myat Yadanar Kyaw's Facebook acc

သတင်း အရင်းအမြစ်Myat Yadanar Kyaw's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T