စိတ်နဲ့ခန္ဓာကိုယ်ကို အေးချမ်းစေပြီး ကြွက်သားလေးတွေပြော့သွားအောင် ဖြေလျော့ပေးနိုင်တဲ့ body relaxation ကျင့်စဥ်

//s9.kh1.co/a5/a515c76ce913bb31dc496b3b82a8a0bd824c284d.jpg
ဗဟုသုတအဖြာဖြာ

 ၁၉-ဇန်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

.

စိတ်ဖိစီးမှုတွေ အရမ်းများနေတဲ့အခါမျိုးမှာဆိုရင် ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေဟာ မမှန်ကန်နိုင်တော့ပဲ အမှားတွေပါလာတတ်ပါတယ်။

ဒါ့အပြင် ခန္ဓာကိုယ်ကြွက်သားတွေကပါ တင်းနေမယ်ဆိုရင် စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့တဲ့အတွက် အခြေအနေက ပိုဆိုးလာနိုင်ပါတယ်။

အဲ့လိုအချိန်မျိုးမှာဆိုရင်တော့ စိတ်နဲ့ခန္ဓာကိုယ်ကို အေးချမ်းစေပြီး ကြွက်သားလေးတွေပြော့သွားအောင် ဖြေလျော့ပေးနိုင်တဲ့ body relaxation လေ့ကျင့်ခန်းလေးကို ပြုလုပ်ပေးသင့်ပါတယ်။

https://s9.kh1.co/__image/w=600,h=336,q=100/b9/b985dafc112ac74dac79283ab55ed062fc6fc1fc.jpg
https://s9.kh1.co/__image/w=600,h=340,q=100/8c/8c2ca50421562a078d9daf1f36ed8b4e7d6fb297.jpg

ဒီလေ့ကျင့်ခန်းလေးဟာ ခန္ဓာကိုယ်ကို မလှုပ်ရှားခြင်းအားဖြင့် အနားပေးပြီး စိတ်ကိုတော့ မတွေးခြင်းအားဖြင့် အနားပေးခြင်း ဖြစ်ပါတယ်။

ဒီလေ့ကျင့်ခန်းလေးကို အိပ်လျက်အနေအထားလေးနဲ့ပဲ ဖြစ်ဖြစ် ထိုင်လျက်အနေအထားလေးနဲ့ပဲ ဖြစ်ဖြစ်လုပ်လို့ရပါတယ်။

အိပ်လျက်အနေအထားလေးနဲ့ ပြုလုပ်မယ်ဆိုရင်တော့ ခြေထောက်နှစ်ဖက်ကို တစ်ပေလောက်ခွဲထားပေးရပါမယ်။

လက်နှစ်ဖက်ကိုလည်း ကိုယ့်ရဲ့ခန္ဓာကိုယ်ဘေးမှာ ခြောက်လက်မလောက်ခွဲပြီး အသာအယာလေးချထားပေးပါ။

https://s9.kh1.co/__image/w=600,h=331,q=100/ea/ea932a32beccb66f5c6a571fe40f1f44cc24ad34.jpg
https://s9.kh1.co/__image/w=600,h=343,q=100/c5/c5d1ea2ca5bbe3d8db16d535ef22441d1d460bcf.jpg

ခန္ဓာကိုယ်တစ်ခုလုံး လုံးဝတင်းအားတွေမရှိပဲ သက်တောင့်သက်သာ အနေအထားလေးနဲ့ လဲလျောင်းနေရပါမယ်။ ဒီလိုအနေအထားလေးနဲ့ မိနစ်အနည်းငယ်လောက်နေပေးပီး စိတ်ကိုလျော့ပြီး အနားယူပေးမယ်ဆိုရင် တင်းနေတဲ့ ကြွက်သားလေးတွေလည်း လျော့လာပြီး ရှုပ်ထွေးနေတဲ့ စိတ်တွေကလည်း တဖြေးဖြေးပြေလာပါ လိမ့်မယ်။ဒီလေ့ကျင့်ခန်းလေးအပြီး အဆုံးသတ်အနေနဲ့နှာခေါင်းကနေ အသက်ကိုအရှည်ကြီး သုံးကြိမ်ရှူပေးမယ်ဆိုရင်တော့ စိတ်ကလေးအေးချမ်းသွားတာကို သိသိသာသာ ခံစားမိလာပါလိမ့်မယ်။

ဒီလေ့ကျင့်ခန်းလေး အကြောင်းကို ဆရာမ မအိရှင်းပြထားတဲ့ ဗီဒီယိုလေးကိုပါ တပါတည်း ဖော်ပြပေးလိုက်ပါတယ်။

https://s9.kh1.co/__image/w=600,h=338,q=100/20/20ef90dd3f2249423092c2c98bd1a72a94b14450.jpg
https://s9.kh1.co/__image/w=600,h=333,q=100/d6/d63197f09364a2c8a5716eb6519290b4378bacfc.jpg
Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T