အတိတ်ကပါလာတဲ့ ကံတရားကြောင့်လား ကိုယ်ဝန်ဆောင်စဉ်ပြုလုပ်မိတဲ့ အမှားတွေကြောင့်လား သေချာမသိပေမယ့် ကမ္ဘာကြီးပေါ်မှာ ထူးထူးဆန်းဆန်းပုံစံနဲ့ မွေးဖွားလာတဲ့ ကလေးငယ်လေးတွေ များစွာရှိပါတယ်။အဲ့ဒီလိုထူးဆန်းတဲ့ကလေးတွေ များစွာရှိတဲ့ထဲကမှ Polymelia လို့ခေါ်တဲ့ရောဂါနဲ့ မွေးထဲက ခြေတွေ လက်တွေ အပိုပါပြီး မွေးဖွားလာတဲ့ ကလေးလေးတစ်ယောက် အကြောင်းကို ဖော်ပြပေးချင်ပါတယ်။
ဒီကလေးလေးရဲ့နာမည်ကတော့ Karam ဖြစ်ပြီး သူဟာမွေးဖွားထဲက ခြေလက် အင်္ဂါစုစုပေါင်း 8 ခုတောင်ပါလာခဲ့တာပဲဖြစ်ပါတယ်။ဒီကလေးလေးရဲ့အပိုပါလာတဲ့ ခြေလက်တွေဟာ ပုံသဏ္ဍန်အလွဲကြီးတွေဖြစ်နေတဲ့အပြင် သူ့အတွက်လည်း နေရထိုင်ရတော်တော်လေး ခက်စေခဲ့ပါတယ်။
မိဘတွေအနေနဲ့လည်း သူတို့ရဲ့သားလေးကို ထိရောက်တဲ့ဆေးရုံဆေးခန်းတွေနဲ့ ပြသပေးခဲ့ပြီး နောက်ဆုံး India ဆေးရုံတစ်ခုက ဆရာဝန်တွေနဲ့တိုင်ပင်ကာ ခွဲစိတ်ပေးဖို့ ကျိုးစားခဲ့ပါတယ်။
ခွဲစိတ်တဲ့အခါမှာဆိုရင်လည်း ဒီကလေးလေးရဲ့ကံ အကျိုးပေးကြောင့်လို့ပဲဆိုရလောက်အောင် ဆရာဝန်တွေက အောင်မြင်အောင်ခွဲစိတ်ပေးနိုင်ခဲ့ပါတယ်။အသက် ၇ လအရွယ်လေးနဲ့ ပြင်းထန်တဲ့ ခွဲစိတ်မှုတွေကို လုပ်ခဲ့ရတာကြောင့် ကလေးလေးဟာ ခွဲစိတ်မှုရဲ့ ဒဏ်တွေကို ခံခဲ့ရပေမယ့် အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေတော့မရှိခဲ့ပါဘူး။ဆရာဝန်တွေရဲ့ ကျေးဇူးနဲ့ ဒီကလေးလေးဟာ သာမန်လူတစ်ယောက်လိုတော့ မဖြစ်နိုင်ပေမယ့် သာမန်လူတစ်ယောက်နီးပါးတော့ ဘဝရှင်သန်ခွင့်ရခဲ့ပါတယ်။
သတင်း အရင်းအမြစ်៖ TheSun