ဘဝရဲ့ကံကြမာ အလှည့်အပြောင်းကို ကြေကွဲမှုတွေများစွာနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အမျိုးသား

//s9.kh1.co/a2/a2d29f8c5e059cf05d9b85c531b62b29c6779e1e.jpg
ဗဟုသုတအဖြာဖြာ

 ၁၈-ဇန်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.


ကမ္ဘာကြီးပေါ်မှာတော့ တကယ့်ကိုမထင်မှတ်ထားတဲ့ ကိစ္စတွေ ၊ အဖြစ်အပျက်တွေ များစွာက အမြဲလိုလိုဖြစ်ပေါ်နေတတ်ပါတယ်။တစ်ခါတစ်ရံမှာဆိုရင်လည်း မွေးထဲက ခန္ဓာကိုယ်အစိတ်အပိုင်းတွေချို့တဲ့သူတွေရှိကြသလို ကံအကြောင်းမလှလို့ လူ့လောကထဲရောက်ပြီးမှ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ချို့ယွင်းပျက်စီးသွားကြရသူတွေလည်း များစွာရှိကြပါတယ်။တရုတ်နိုင်ငံအတွင်းမှာဆိုရင်လည်း လူ့လောကထဲရောက်ပြီးခါမှ ကောင်းမွန်တဲ့မျက်နှာလေးကို ဆုံးရှုံးလိုက်ရသူတစ်ဦးရှိခဲ့ပါတယ်။

photo credit -Ryan Pyle
photo credit -Ryan Pyle

ထိုသူရဲ့နာမည်ကတော့ Li Guoxing ဖြစ်ပြီး သူကတော့ ဝက်ဝံတစ်ကောင်ရဲ့တိုက်ခိုက်မှုကိုခံခဲ့ရပြီး သူရဲ့ညာဖက်မျက်နှာတစ်ခုလုံးပျက်စီးခဲ့ရပါတယ်။ထိုအချိန်မှာစပြီး သူ့ရဲ့ လူနေမှုပတ်ဝန်းကျင်ဟာ အဓိပ္ပါယ်တွေမဲ့သလိုဖြစ်ခဲ့ရပေမယ့် Li Guoxing ကတော့ ဘဝကိုလက်လျှော့ အရှုံးပေးခဲ့ခြင်းမရှိပါဘူး။

အိမ်အပြင်ထွက်ဖို့တောင်အင်အားမရှိပေမယ့် မာကြောတဲ့စိတ်ဓာတ်ကိုပိုင်ဆိုင်ထားတဲ့ Li Guoxing ကတော့ 2006 ခုနှစ်မှာ သူ့ရဲ့မျက်နှာကိုခွဲစိတ်မှုစတင်ပြုလုပ်ခဲ့ပါတယ်။

photo credit -Ryan Pyle
photo credit -Ryan Pyle
photo credit -Ryan Pyle
photo credit -Ryan Pyle

သူဟာခွဲစိတ်မှုတွေ အကြိမ်ပေါင်းများစွာပြုလုပ်ခဲ့ရပေမယ့် သူ့ရဲ့ သက်တမ်းက ကုန်ဆုံးချိန်ကျရောက်ခဲ့တယ်လို့ဆိုရလောက်အောင်ပင် 2008 ခုနှစ်မှာ Li Guoxing ဟာ သူပြုလုပ်တဲ့ ခွဲစိတ်မှုဓာဏ်တွေကြောင့်ပဲ အသက်သေဆုံးခဲ့ရပါတယ်။ဆရာဝန်တွေကလည်း အကြိမ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ကြသလို သူ့ရဲ့မျက်နှာဟာလည်း အနည်းငယ်ပြန်ကောင်းလာတဲ့ အခြေအနေရောက်ရှိလာတဲ့အခါမှာတော့ တကယ့်ကိုစိတ်မကောင်းစရာကောင်းလောက်အောင်ကို Li Guoxing ကကွယ်လွန်ခဲ့ရတာပဲဖြစ်ပါတယ်။သူ့ရဲ့ story လေးကတော့ လူအများကြားမှာ အချိန်အတော်အတန်ကြာအောင် မမေ့မလျော့ဘဲ ပြောစမတ်တွင်ခဲ့တဲ့ ဖြစ်ရပ်လေးတစ်ခုဖြစ်လို့ ပရိသတ်တွေအတွက်လည်းဖော်ပြပေးလိုက်ရပါတယ်။

photo credit -Ryan Pyle
photo credit -Ryan Pyle
photo credit -Ryan Pyle<br>
photo credit -Ryan Pyle

သတင်း အရင်းအမြစ်Drumken

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T