ချစ်ရသူလေးကို ကျောပေါ်တင်ပြီး ဘယ်လောက်ချစ်ကြောင်း သက်သေပြလို့ရတဲ့ အင်္ဂလန်ကပွဲတော်

//s9.kh1.co/4d/4d3274cc3fa035f3caa7ce243e0824214e28ac01.jpg
ဗဟုသုတအဖြာဖြာ

 ၁၈-ဇန်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.


နိုင်ငံပေါင်းစံမှာ တော့ မိမိတို့ရီုးရာ ဓလေ့အလိုက် ကျင်းပပြုလုပ်ကြတဲ့ ပြိုင်ပွဲ ်တွေများစွာရှိသလို အင်္ဂလန်နိုင်ငံမှာလည်း ထူးခြားတဲ့ပြိုင်ပွဲလေးတစ်ခုရှိနေပါတယ်။ ထိုပြိုင်ပွဲလေးကတော့ အင်္ဂလန်နိုင်ငံအရှေ့တောင်ပိုင်းက ဆာရေမှာကျင်းပပြုလုပ်တာဖြစ်ပြီး အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးကို ပြောင်းပြန်ကုန်းပိုးပြီး အပြေးပြိုင်ရတဲ့ပြိုင်ပွဲလေးပဲဖြစ်ပါတယ်။

photo from google
photo from google
photo from google
photo from google

ထိုပြိုင်ပွဲလေးကတော့ စုံတွဲတွေသာဝင်ပြိုင်ခွင့်ရှိပြီး ပြိုင်ပွဲဝင်အမျိုးသားတွေကတော့ အမျိုးသမီးတွေကို ဂုမ်းပိုးကာ ရွှံ့နွံ့တွေ စိမ့်မြေတွေ အဖုအထစ်တွေကို ဖြတ်သန်းပြီး မီတာ ၃၈၀ အကွာအဝေးကို အပြေးပြိုင်ရတာပဲဖြစ်ပါတယ်။ ပြိုင်ပွဲဝင်တွေဟာ အမြင့်၁၅ မီတာလောက်ကို တက်လိုက်ဆင်းလိုက်ပြေးပြီးပြိုင်ရတာဖြစ်တာကြောင့် အလွန်ပင်ပန်းလှတဲ့ပြိုင်ပွဲလေးတစ်ပွဲပဲဖြစ်ပါတယ်။

photo from google
photo from google
photo from google
photo from google

ပြိုင်ပွဲဝင်ချင်သူတွေဟာ အိမ်ထောင်မပြုရသေးရင်တောင် မိတ်ဆွေသူငယ်ချင်းအဆင့်ရှိရုံနဲ့ ဝင်ပြိုင်ခွင့်ရရှိမှာဖြစ်ပြီး ပြိုင်ပွဲဝင်ချင်တဲ့အမျိုးသမီးကတော့ အနည်းဆုံးအသက် ၁၈ နှစ်အထက်ရှိရမှာဖြစ်ပြီး အနည်းဆုံး ၅၀ ကီလိုဂရမ် အလေးချိန်ရှိရမှာဖြစ်ပါတယ်။ ကီလို ၅၀ အောက်အမျိုးသမီးကိုတင်ဆောင်ချင်တဲ့ သူကတော့ ပဲတွေထည့်ထားတဲ့ ကျောပိုးအိတ် တလုံးကိုပါသယ်ဆောင်သွားရမှာဖြစ်ပါတယ်။ အကယ်၍ ဂုမ်းပိုးပြေးနေတုန်း အမျိုးသမီးပြုတ်ကျခဲ့မယ်ဆိုရင် ပင်နယ်တီပြစ်ဒဏ်ချမှတ်ခံရမှာပဲဖြစ်ပါတယ်။ ကဲပရိတ်သတ်တွေရေ ကိုယ့်ရဲ့ ချစ်ရသူနဲ့အတူဒီလိုပြိုင်ပွဲလေး မပြိုင်ချင်ကြဘူးလား။

photo from google
photo from google
photo from google
photo from google
photo from google
photo from google
photo from google<br>
photo from google

သတင်း အရင်းအမြစ်Wikipedia

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T