လူတိုင်းမှာ အလုပ် မိသားစုကိစ္စတွေကြောင့် စိတ်ဖိစီးမှုများနေရင် မျက်နာ သွေးမရှိသလိုဖြူဖပ်ဖြူရော်ဖြစ်တတ်ပါတယ် စိတ်ရော လူရော ပင်ပန်းနေတော့ ဖြူဖပ်ဖြူရော်ဖြစ်ပြီး အားအင်ချိနဲ့သလိုလည်း ခံစားကြမှာပါ

ခန္ဓာကိုယ်မှာရေဓာတ်ခမ်းခြောက်သွားခြင်းက လူကိုဖြူဖပ်ဖြူရော်ဖြစ်စေတဲ့ အကြောင်းရင်းဖြစ်သလို စိတ်ဖိစီးမှုများချိန်၊ ပင်ပန်းနေချိန်မှာထွက်လာတဲ့ အေဒရီနယ်လင်းဟော်မုန်းကြောင့်ဖြစ် ပါတယ်။ ယင်းဟော်မုန်းက ခန္ဓာကိုယ်အား တုံ့ပြန်မှုမြန်စေရန်ကူညီပေးပြီး ခန္ဓာကိုယ်ရှိသွေးကြော (အထူးသဖြင့် အရေပြားမျက်နှာပြင်အနီးရှိသွေးကြော) တွေကိုကျဉ်းသွားအောင်လုပ်ဆောင်နိုင်ပါတယ်။ ဒါကြောင့့် အရေပြားဆီသို့သွေးစီးဆင်းမှုနည်းသွားပြီး ပုံမှန်ထက်ဖြူဖျော့လာခြင်းဖြစ်ပါတယ်။

ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် အသားအရေဖြူရော်လာရသလဲဆိုရာမှာ ခန္ဓာကိုယ်မှာရေဓာတ် ကုန်ခန်းသွားခြင်းက သွေးလှည့်ပတ်ရာတွင်လိုအပ်တဲ့ အရည်တွေနည်းသွားခြင်းကြောင့်ဖြစ်ပြီး သွေးထောက်ပ့ံ ရာမှာအရေပြားထက် ခန္ဓာကိုယ်ရဲ့အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတွေဖြစ်တဲ့ ဦးနှောက်၊ နှလုံးဆီသို့ ဦးစားပေးကာ သွေးထောက်ပံ့ပေးရခြင်းကြောင့်လည်းဖြစ်ပါတယ်။ 

အသားအရေဖြူဖပ်ဖြူရော်ဖြစ်ရခြင်း ရဲ့ နောက်ထပ်အကြောင်းရင်းတစ်ခုက သွေးနီဥ နည်းသွားခြင်းကြောင့်ဖြစ်စေတဲ့ သွေးအားနည်းရောဂါ ရှိခြင်းကြောင့်ဖြစ်ပါတယ်။ သွေးနီဥက အောက်ဆီဂျင်ကို သယ်ဆောင်ပေးပြီး ခန္ဓာကိုယ်မှာသွေးနီဥ လုံလုံလောက်လောက်မရှိပါက အောက်ဆီဂျင်ရရှိမှုနည်းကာ လူကိုဖြူဖပ်ဖြူရော်ဖြစ်စေရုံသာမက ပင်ပန်းနေသလိုလည်း ခံစားရစေနိုင်ပါတယ်။

သတင်းအရင်းမြစ် CCMS (www.drmyanmar.com)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။