ပရိသတ်ကြီးရေ အဆိုတော်မလေး ဘီလီလမင်းအေး က ဂီတနယ်ပယ်မှာ အောင်မြင်မှုတွေနဲ့လျှောက်လှမ်းလာခဲ့ပြီး နေရာတစ်နေရာကို ရပ်တည်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ သူမဟာ Myanmar Idol အဆိုပြိုင်ပွဲကြီးကမှာ ဝင်ရောက်ယှဥ်ပြိုင်ရင်း ပရိသတ်အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမဟာ ပရိသတ်တွေကိုအကောင်းဆုံးဖျော်ဖြေပေးနိုင်တဲ့ အဆိုတော်ကောင်းတစ်ယောက်ဖြစ်အောင် အကောင်းဆုံးကြိုးစားလုပ်ကိုင်နေတာ တွေ့ရပါတယ်။
ဘီလီလမင်းအေး က ဆွဲဆောင်မှုရှိတဲ့ အပြုံးလေးတွေအပြင် တမူထူးခြားတဲ့ ပင်ကိုယ်အလှတရားတွေကို ပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းသူလေးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူမရဲ့အနုပညာလှုပ်ရှားမှုတွေနဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေကို မကြာခဏ ဖော်ပြပေးပါတယ်။ ယခုမှာတော့ ဘီလီလမင်းအေး က ပရိသတ်တွေချစ်အားပိုမယ့် ပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။
ဒီပုံလေးတွေထဲမှာတော့ ဘီလီလမင်းအေး က ရိုးရှင်းအေးချမ်းတဲ့ မြန်မာဝတ်စုံလေးနဲ့ ကျက်သရေရှိရှိ ချစ်စရာကောင်းနေတာ ဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း ဘီလီလမင်းအေး က " နှုတ်ခမ်းလေးကထော်ထော်... ပါးကလေးကဖောင်းဖောင်း ...နဖူးလေးကပြောင်ပြောင်....ပါးချိုင့်လေးနဲ့ ကောင်မလေးကိုချစ်တယ်မလားလို့" ဆိုပြီး အသည်ယားစရာဖြစ်အောင် ရေးသားထားပါတယ်။ ပရိသတ်တွေလည်း ဘီလီလမင်းအေး ရဲ့ ပုံလေးတွေကို သဘောကျမယ်လို့မျှော်လင့်မိပါတယ်။
သတင်း အရင်းအမြစ်៖ Source - Billy La Min Aye fb page '