အဆိုပညာသင်ပေးခဲ့ရတဲ့ တပည့်ကျော် ယုန်လေးဆီက ပုဇွန်ကင် လက်ဆောင်ရတယ်ဆိုတဲ့ ဒိန်းဒေါင်

//s9.kh1.co/e0/e0be043637570a09dad3c6847079fb677a86c12f.jpg
အနုပညာရှင်များ

 ၁၅-ဇန်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်အချစ်တော် သရုပ်ဆောင် ဦးဒိန်းဒေါင်ကတော့ အဆိုတော် ယုန်လေးဆီမှ မကြာသေးခင်က ပုဇွန်ကင်တွေကို လက်ဆောင်အဖြစ်ရလိုက်ပြန်ပါတယ်။ အနုပညာလောကမှာ အောင်မြင်မှုတွေကို တစ်ခဲနက်ရရှိထားတဲ့ ဒိန်းဒေါင်က သရုပ်ဆောင်အလုပ်အပြင် ဟာသလူရွှင်တော်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို တစ်ခဲနက်ရရှိထားတာကို တွေ့ရပါတယ်။ 

Photo credit - Dain Daung's Facebook Account
Photo credit - Dain Daung's Facebook Account

ယခုလက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေကို ရပ်နားထားတဲ့ ဒိန်းဒေါင်က ပရဟိတလုပ်ငန်းတွေကို ဦးစီးဦးဆောင်လုပ်ကိုင်နေပြီး ချွန်တွန်း ပရဟိတအဖွဲ့ကိုလည်း ဖွဲ့စည်းတည်ဆောင်ထားပါသေးတယ်။ မွန်မြတ်လှတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ သူ့ကို ပရိသတ်တွေသာမကပဲ အနုပညာရှင်အချင်းချင်းကပါ အားပေးအချစ်ပိုနေတာလည်း ဖြစ်ပါတယ်။ ဒိန်းဒေါင်ကို ချစ်ခင်ကြသူတွေထဲမှာ အဆိုတော် ယုန်လေးကလည်း အပါအဝင်ပါ။

Photo credit - Dain Daung's Facebook Account
Photo credit - Dain Daung's Facebook Account
Photo credit - Dain Daung's Facebook Account
Photo credit - Dain Daung's Facebook Account

ယုန်လေးက ဒိန်းဒေါင်ကို လေးစားတာကြောင့် ပုဇွန်ကင် လက်ဆောင်ပေးလိုက်ပါသေးတယ်။ ဒါကို ဒိန်းဒေါင်က လူမှုကွန်ယက်ထက်မှာ " အဆိုတော်မိုးမိုးထံမှဝယ်ယူ၍အဆိုပညာသင်ကြားပေးခဲ့သောကျွန်တော့်ကိုတပည့်ကျော်အဆိုတော်ယုန်လေးမှကန်တော့သည့်ပုဇွန်ကင်ပါ " ဆိုပြီးရေးသားကာ တင်ပေးလာတာဖြစ်လို့ ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ။

Photo credit - Dain Daung's Facebook Account
Photo credit - Dain Daung's Facebook Account
Photo credit - Dain Daung's Facebook Account
Photo credit - Dain Daung's Facebook Account

သတင်း အရင်းအမြစ်Source - Dain Daung's Facebook Account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T