မေမေအေသင့်ကို ဂစ်တာတီးကာ ခံစားချက်အပြည့်နဲ့သီချင်းတွေအော်ဆိုပြနေတာကြောင့် ကြည်နူးပီတိဖြစ်ခဲ့ရတဲ့ အေသင်ရဲ့ဗီဒီယိုလေး

//s9.kh1.co/78/78f1fb09c5b11449f8f200b94c3e3ddcd64d2537.jpg
အနုပညာရှင်များ

 ၁၅-ဇန်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ......အသံပါဝါကောင်းကောင်းနဲ့သီချင်းကောင်းတွေကို ပရိသတ်ရင်ထဲရောက်အောင်သီဆိုတတ်ပြီး ဆယ်စုနှစ်တစ်ခုနီးပါးအောင်မြင်ကျော်ကြားခဲ့တဲ့ အေသင်ချိုဆွေကို သိကြမယ်ထင်ပါတယ်နော်။ သူမဟာ တစ်ကိုယ်တော် အယ်လ်ဘမ်တွေကိုလည်း ထုတ်ခဲ့တာဖြစ်ပြီး တစ်ခေတ်တခါက လူငယ်တွေရဲ့ပါးစပ်ဖျားမှာ ရေပန်းစားခဲ့တာဖြစ်ပါတယ်။ အခုလက်ရှိမှာဆိုရင်လည်း အေသင်ဟာသီချင်းတွေကိုကြိုးစားဖန်တီးနေတာဖြစ်ပြီး ပရိသတ်တွေအတွက်အကောင်းဆုံးကြိုးစားနေတာလည်းဖြစ်ပါတယ်....။

Photo credit-​ Athen Cho Swe's Facebook acc
Photo credit-​ Athen Cho Swe's Facebook acc
Photo credit-​ Athen Cho Swe's Facebook acc
Photo credit-​ Athen Cho Swe's Facebook acc

အေသင်ဟာ Single motherတစ်ယောက်အနေနဲ့ရပ်တည်နေပြီးတော့ ချစ်စရာကောင်းတဲ့သမီးငယ်လေးဖြစ်တဲ့ ဗီးဗီးလေးနဲ့အတူပျော်ပျော်ရွှင်ရွှင်နေထိုင်နေတာလည်းဖြစ်ပါတယ်။ ဗီးဗီးလေးဟာလည်း မေမေအေသင်နဲ့မျက်နှာလေးနဲ့အရမ်းဆင်ပြီး ပါးဖောင်းဖောင်းလေးနဲ့အသည်းယားစရာလေးဖြစ်တဲ့အပြင် မေမေ့လိုသီချင်းဆိုရတာလည်း ဝါသနာပါတဲ့ကလေးလေးတစ်ယောက်ပါနော်.....။

Photo credit-​ Athen Cho Swe's Facebook acc
Photo credit-​ Athen Cho Swe's Facebook acc
Photo credit-​ Athen Cho Swe's Facebook acc
Photo credit-​ Athen Cho Swe's Facebook acc

ဗီးဗီးလေးဟာလည်း အရွယ်နဲ့မလိုက်အောင်ကိုသီချင်းဆိုတော်တဲ့သူလေးဖြစ်ပြီး ဂစ်တာလေးတီးပြီးလည်း သီချင်းတွေကိုမကြာခဏအော်ဆိုတတ်ပါသေးတယ်။ အခုဆိုရင်လည်း အေသင်ဟာ သူမရဲ့ Facebookစာမျက်နှာမှာ "မေမေ့အတွက်ဖျော်ဖြေရေး....." ဆိုတဲ့ captionလေးနဲ့အတူ ဗီး‌ဗီးလေးသီချင်းအော်ဆိုနေတဲ့ ဗီဒီယိုလေးကိုတင်ပေးလာပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-​ Athen Cho Swe's Facebook acc
Photo credit-​ Athen Cho Swe's Facebook acc

သတင်း အရင်းအမြစ်Athen Cho Swe's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T