၇နှစ်ကျော်ကြာမှ မိခင်ကြီးနဲ့အတူဈေးလိုက်ဝယ်ဖြစ်တာကြောင့် ကလေးလေးတစ်ယောက်လိုပျော်ရွှင်ကာ အိမ်အလုပ်တွေကူလုပ်နေတဲ့ ဖွေးစိန်ရဲ့ဗီဒီယိုလေး

//s9.kh1.co/12/129301dda490ca37c3236f1a8a269654e6189b82.jpg
အနုပညာရှင်များ

 ၁၅-ဇန်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးတို့ရဲ့အချစ်တွေကို အခိုင်အမာရရှိထားတဲ့ ဒိတ်ဒိတ်ကြဲမင်းသမီးချောဖွေးဖွေးကတော့ သရုပ်ဆောင်ပိုင်းတွေအပြင် ချစ်စရာကောင်းလွန်းတဲ့ ဟန်ပန်ပုံရိပ်လေးတွေကြောင့် ပရိသတ်တွေ သည်းသည်းလှုပ်အချစ်ပိုနေကြရသူလေးပဲ ဖြစ်ပါတယ်..။

ဆွဲဆောင်မှုရှိပြီး ကျော့ရှင်းတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့အပြင် ဖြူစင်ပွင့်လင်းပြီး ကလေးလေးတစ်ယောက်လို ချစ်စရာကောင်းသလို သရုပ်ဆောင်ပိုင်နိုင်မှုတွေကြောင့်လည်း အကယ်ဒမီထူးချွန်ဆုတွေကိုလည်း ရရှိပိုင်ဆိုင်ထားသူလေးပါ..။

Photo Credit - Li John Photography
Photo Credit - Li John Photography
Photo Credit - Phway Phway's Fb Page
Photo Credit - Phway Phway's Fb Page

ဖွေးစိန်လေးကတော့ ထိပ်တန်းမင်းသမီးအဖြစ် ရပ်တည်နေသလို သူမရဲ့လှုပ်ရှားမှုလေးတွေကိုလည်း ပရိသတ်တွေကအမြဲစောင့်ကြည့်အားပေးနေကြပြီး Covid ကာလ အနုပညာအလုပ်နည်းပါးနေတဲ့အချိန်မှာလည်း မိသားစုပုံရိပ်လေးတွေနဲ့ သူမရဲ့လှုပ်ရှားမှုလေးတွေကိုလည်း ဝေမျှလာပါတယ်..။

အခုတစ်ခါမှာလည်း ဖွေးစိန်လေးတစ်ယောက် သူမရဲ့ချစ်မေမေနဲ့အတူ မနက်စောစောဈေးဝယ်လိုက်ရင်း စိတ်လက်ကြည်လင်ကာ ကြည်နူးပျော်ရွှင်နေတဲ့ အချိန်အမှတ်တရလေးတွေကို ဗီဒီယိုဖိုင်လေးနဲ့အတူ ဝေမျှလာပါတယ်နော်..။

Photo Credit - Kyaw Kyaw Win's Fb Page
Photo Credit - Kyaw Kyaw Win's Fb Page
Photo Credit - Phway Phway's Fb Page
Photo Credit - Phway Phway's Fb Page

၇နှစ်ကျော်ကြာမှ ချစ်ရတဲ့မေမေနဲ့အတူ ဈေးလိုက်ဝယ်ဖြစ်တာကြောင့် ကလေးလေးတစ်ယောက်လိုပျော်ရွှင်ကာ အိမ်အလုပ်တွေကူလုပ်နေတဲ့ သူမရဲ့ဗီဒီယိုဖိုင်လေးကို ဖွေးစိန်လေးက အပျော်လေးတွေနဲ့အတူ ဝေမျှထားတာဖြစ်ပါတယ်နော်..။

ကဲ.. ဒီကနေ့လေးမှာတော့ ချစ်သရာကောင်းပြီး ကလေးလေးတစ်ယောက်လို လွတ်လပ်ပျော်ရွှင်ကာ ဈေးဝယ်လိုက်ရင်း ဗီဒီယိုလေးရိုက်နေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကိုလည်း တင်ဆက်ပေးလိုက်တာမို့ ပရိသတ်တွေလည်း သဘောကျနေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်..။

Photo Credit - Kyaw Kyaw Win's Fb Page
Photo Credit - Kyaw Kyaw Win's Fb Page
Photo Credit - Phway Phway's Fb Page
Photo Credit - Phway Phway's Fb Page

သတင်း အရင်းအမြစ်Phway Phway's Fb Page

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T