သရုပ်ဆောင် ညီနန္ဒကတော့ အနုပညာအလုပ်တွေကို နှစ်ပေါင်းများစွာလုပ်ကိုင်ခဲ့ပြီး ဘယ်ဇာတ်ကားမဆို ကျရာနေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့တာကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့သူတစ်ဦးပဲ ဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားခေတ်ကုန်ဆုံးသွားချိန်မှာတော့ အနုပညာလောက ကနေအချိန်အတော်ကြာပျောက်ကွယ်သွားခဲ့ပြီး လက်ရှိမှာတော့ ရုပ်သံဇာတ်လမ်းတွဲများတွင် ပါဝင်သရုပ်ဆောင်ကာ ချစ်တဲ့ ပရိသတ်တွေ ရှေ့မှောက်သို့ ပြန်လည် ရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။ အခြား စီးပွားရေးအလုပ်အနေနဲ့လည်း သန့်ရှင်းလတ်ဆတ်တဲ့ ဆီသန့်နဲ့ချက်ထားတဲ့ ထောပတ်ထမင်းကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးနေတာလည်း ဖြစ်ပါတယ်။
သူချစ်ခင်ရတဲ့ အနုပညာရှင် ၊ အတတ်ပညာရှင်များကိုလည်း အလှည့်ကျသွားရောက်ပို့ဆောင်ပေးနေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ ထောပတ်ထမင်းကို ကိုဗစ်စင်တာများတွင် တာဝန်ကျနေတဲ့ ဆရာဝန်များနဲ့Volunteer များအတွက်လည်း မကြာခဏ လှူဒါန်းလေ့ရှိတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ပရိသတ်တွေကို ဝမ်းသာစရာသတင်းလေးတစ်ခု ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။
ဒါကတော့ သရုပ်ဆောင်ရဲအောင်ထံသို့ သူ့ရဲ့ထောပတ်ထမင်းအားရာသက်ပန်အခမဲ့ ပေးမို့မယ့်အကြောင်းကိုဝမ်းသာစွာပြောပြလာတာပဲ ဖြစ်ပါတယ်။ သူကလည်း " ကိုနန္ဒထောပတ်ထမင်းရဲ့ ပထမဦးဆုံး
ရာသက်ပန် free ပုဂ္ဂိုလ်...
ဒီနေ့ ကျွန်တော်လေးစားချစ်ခင်ရတဲ့ '"ကိုရဲ"' ကို "'ကိုနန္ဒထောပတ်ထမင်း"' နဲ့ ဒုတိယမ္ပိ ဂါရဝပြုဖြစ်ပါတယ်... "'ကိုနန္ဒထောပတ်ထမင်း"' ကို ကိုယ်တိုင်လည်း အရမ်းကြိုက်ပြီး မိတ်ဆွေတွေအတွက်လည်း အမြဲဝယ်ယူအားပေးနေတဲ့"'ကိုရဲ"' ကို ပထမဦးဆုံး "'ကိုနန္ဒထောပတ်ထမင်း"' ရဲ့ ရာသက်ပန် free အဖြစ် မှတ်တမ်းတင် ဂါရဝပြုပါတယ်ခင်ဗျာ..." ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင် ညီနန္ဒရဲ့ ထောပတ်ထမင်းလည်း ဒီထက်မက ပိုမိုရောင်းချနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။