သူ့ရဲ့ဖြစ်တည်မှုအရှိအတိုင်းကို ချစ်ခင်မြတ်နိုးပေးတဲ့ ချစ်သူခင်ပွန်းလောင်းကြောင့် ကြည်နူးပျော်ရွှင်နေရတဲ့ အောန်ဆိုင်း

//s9.kh1.co/b4/b4a0c9f32f578da4e9b120158cfb14a1cee06bae.jpg
အနုပညာရှင်များ

 ၁၅-ဇန်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. ဆွဲဆောင်မှုရှိလွန်းပြီး ချစ်စရာကောင်းလွန်းတာကြောင့် ပရိသတ်တွေချစ်ခင်အားပေးနေကြတဲ့ စူပါမော်လ်ဒယ်မင်းသမီးချောလေး အောန်ဆိုင်းကတော့ ပရိသတ်တွေအမြဲအချစ်ပိုနေကြရတဲ့ ပြည်သူ့အချစ်တော်လေးပါ..။

စူပါမော်လ်ဒယ်တစ်ဦးအဖြစ် ရပ်တည်နေတဲ့ အောန်ဆိုင်းကိုတော့ နာမည်ကျော်စင်မြင့်တွေထက်မှာ မကြာခဏတွေ့မြင်ရပြီး နိုင်ငံခြားသူလေးတစ်ယောက်လို ဆွဲမက်ကျော့ရှင်းတဲ့အလှတရားတွေကိုလည်း ပိုင်ဆိုင်ထားသူလေးပဲ ဖြစ်ပါတယ်နော်..။

Photo Credit - Phone Kyaw Moe Myint's Fb Acc
Photo Credit - Phone Kyaw Moe Myint's Fb Acc
Photo Credit - Aung Kyaw Tun photography
Photo Credit - Aung Kyaw Tun photography

မကြာခင်ကမှာ ချစ်သူရဲ့ လက်ထက်ခွင့်တောင်းခံထားရတဲ့ အောန်ဆိုင်းကတော့ ချစ်သူခင်ပွန်းလောင်းကြောင့် ကြည်နူးပျော်ရွှင်နေရတဲ့ ပျော်စရာအချိန်လေးတွေနဲ့ အမှတ်တရလေးတွေကိုလည်း ပရိသတ်ဆွေကိုအမြဲမျှဝေတတ်ပါသေးတယ်နော်..။

လတ်တလောမှာလည်း သူ့ရဲ့ဖြစ်တည်မှုအရှိအတိုင်းကို ချစ်ခင်မြတ်နိုးပေးတဲ့ ချစ်သူလေးကြောင့် ပျော်ရွှင်နေရသလို နှစ်ယောက်အတူ အလှူလေးတွေပြုလုပ်ခဲ့တဲ့ ကြည်နူးပီတိဖြစ်စရာလေးတွေကိုလည်း အသိပေးဝေမျှလာပါတယ်နော်..။

Photo Credit - Awn Sang - Elizabeth's Fb Page
Photo Credit - Awn Sang - Elizabeth's Fb Page
Photo Credit - Awn Sang - Elizabeth's Fb Page
Photo Credit - Awn Sang - Elizabeth's Fb Page

"ကိုယ့်ရဲ့ဖြစ်တည်မှု အရှိအတိုင်းကို တန်ဖိုးထား လက်ခံ ချစ်ပေးလို့ အများကြီး ပျော်ရွှင်ရပါတယ် ? Thank you Phone Kyaw Moe Myint. ." ဆိုပြီး ကြည်ကြည်နူးနူးလေးနဲ့ ကျေးဇူးတင်စကားလေးဆိုထားတာပဲ ဖြစ်ပါတယ်နော်..။

ရိုးရာဝတ်စုံလေးကို ဆင်တူလေးဝတ်ဆင်ကာ လိုက်ဖက်ညီလွန်းတဲ့ စုံတွဲပုံရိပ်လေးတွေနဲ့အတူ ခင်ပွန်းလောင်းကိုကျေးဇူးတက်စကားလေးဆိုထားတာမို့ ပရိသတ်တွေကလည်း အားကျချစ်ခင်နေကြတာလည်း တွေ့ရပါတယ်နော်..။

Photo Credit - Aung Kyaw Tun photography
Photo Credit - Aung Kyaw Tun photography
Photo Credit - Phone Kyaw Moe Myint's Fb Acc
Photo Credit - Phone Kyaw Moe Myint's Fb Acc

သတင်း အရင်းအမြစ်Awn Sang - Elizabeth's Fb Page

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T