နာမည်ကြီးမင်းသားတစ်လက်ဖြစ်ပေမယ့် ဟိတ်ဟန်တွေမရှိလို့ သူ့ကိုအားပေးတဲ့ကလေးမလေးကို ကြင်ကြင်နာနာဆက်ဆံခဲ့တဲ့ ပိုင်တံခွန်ရဲ့ဗီဒီယို

//s9.kh1.co/92/9260630058bfdd28c774b48cf6495af467719cc9.jpg
အနုပညာရှင်များ

 ၁၅-ဇန်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

နာမည်ကြီးမင်းသားတစ်လက်ဖြစ်ပေမယ့် ဟိတ်ဟန်တွေမရှိလို့ သူ့ကိုအားပေးတဲ့ကလေးမလေးကို ကြင်ကြင်နာနာဆက်ဆံခဲ့တဲ့ ပိုင်တံခွန်ရဲ့ဗီဒီယို

မင်းသားချောလေး ပိုင်တံခွန်ကတော့ နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော်တစ်ဦးလို့ ဆိုရလောက်အောင်ကို သည်းသည်းလှုပ်အားပေးခြင်းခံနေရသူပဲ ဖြစ်ပါတယ် ။ ပိုင်တံခွန့်ကို မြန်မာနိုင်ငံမှာရှိတဲ့ မိန်းကလေးပရိသတ်တွေသာမက ထိုင်းနိုင်ငံကပျိုမဒီလေးတွေကပါ အပြတ်အသတ်ဝန်းရံကြတာ ဖြစ်ပါတယ် ။ ချောမောခန့်ညားတဲ့ ရုပ်ရည်နဲ့ ကြွေချင်စရာကောင်းတဲ့ ပိုင်တံခွန်က Model ၊ သရုပ်ဆောင်တစ်ဦးအဖြစ် အောင်မြင်စွာရပ်တည်နေတာ ဖြစ်ပါတယ် ။

Photo Credit-Paing Takhon's FB Page
Photo Credit-Paing Takhon's FB Page
Photo Credit-Paing Takhon's FB Page
Photo Credit-Paing Takhon's FB Page

ပိုင်တံခွန်က အလုပ်အပေါ်မှာ အာရုံစိုက်ပြီး ကြိုးစားပမ်းစား လုပ်ကိုင်တာကြောင့် အချိန်ခဏလေးအတွင်းမှာတင် ကြော်ငြာတွေအများအပြား ရိုက်ကူးလာရတာ ဖြစ်ပါတယ် ။ ပိုင်တံခွန်ရဲ့အနုပညာလှုပ်ရှားမှုတိုင်းကိုလည်း သူ့ရဲ့ပရိသတ်တွေက အမြဲတမ်းစောင့်ကြည့်ပြီး အားပေးနေကြတာ ဖြစ်ပါတယ် ။ ပရိသတ်တွေအပေါ်မှာ လေးစားမှုရှိပြီး ကောင်းကောင်းမွန်မွန်ဆက်ဆံတတ်တဲ့ ပိုင်တံခွန်က အခုလည်း ကောင်မလေးတစ်ယောက်အတွက် လက်မှတ်ထိုးပေးခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Paing Takhon's FB Page
Photo Credit-Paing Takhon's FB Page
Photo Credit-Paing Takhon's FB Page
Photo Credit-Paing Takhon's FB Page

ပိုင်တံခွန်က သူ့ကိုအားပေးချစ်ခင်တဲ့ ကလေးမလေးတစ်ယောက်ရဲ့လက်ပေါ်မှာ သူကိုယ်တိုင် အမှတ်တရလက်မှတ်လေး ရေးထိုးပေးခဲ့တာ ဖြစ်ပါတယ် ။ ဒါ့အပြင် ပိုင်တံခွန်က ဘောပင်လေးပြန်ပေးရင်းနဲ့ ကလေးမလေးကို အပြုံးချိုချိုလေးတွေနဲ့ ကြင်ကြင်နာနာ ဆက်ဆံပေးခဲ့တာလည်း ဖြစ်ပါတယ် ။ ကဲ သူ့ရဲ့ Fan တွေအပေါ်မှာ အရမ်းချစ်တတ်တဲ့ ပိုင်တံခွန်ရဲ့ချစ်စရာကောင်းတဲ့ အပြုအမူလေးတစ်ခုကို ဗီဒီယိုလေးနဲ့အတူ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Paing Takhon's IG Story

Photo Credit-Paing Takhon's FB Page
Photo Credit-Paing Takhon's FB Page
Photo Credit-Paing Takhon's IG Story
Photo Credit-Paing Takhon's IG Story
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T