လူမှုကွန်ယက် ဆိုရှယ်မီဒီယာအသုံးပြုသူတွေကြားမှာ လိင်တူချစ်သူတွေအဖြစ် နာမည်ကြီးရေပန်းစားကြသူတွေကတော့ Miss Universe Myanmar 2019 ဆုရှင် အလှမယ် ဆွေဇင်ထက်နဲ့ အဆိုတော်မလေး ဂေးဂေးတို့ အတွဲပဲ ဖြစ်ပါတယ်။ အနုပညာလမ်းကြောင်းထက်မှာ အောင်မြင်မှု ကိုယ်စီနဲ့ ရပ်တည်လျှောက်လှမ်းနေကြတဲ့ သူတို့က ပရိသတ်အားပေးမှု အခိုင်အမာကိုလည်း ရရှိထားတာပါ။
နှစ်ဦးသား သစ္စာရှိကာ နားလည်မှုရှိပြီး အချစ်ခရီးလမ်းကိုသာယာပျော်ရွှင်စွာ လျှောက်လှမ်းနေကြတဲ့ သူတို့ဟာဆိုရင် Relationship သက်တမ်းအတော်ကြာပြီလည်း ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကိုလည်း အတူတွဲဖက်လုပ်ကိုင်ကာ ဆက်လက်လျှောက်လှမ်းနေကြတဲ့ သူတို့ နှစ်ယောက်က လူမှုကွန်ယက်ထက်မှာ စုံတွဲပုံလေးတွေတင်ရင်း Romantic ဆန်လေ့ရှိတာကိုလည်း တွေ့ရပါတယ်။
ယခုမှာတော့ ချစ်သူလေး ဂေးဂေးက ဆွေဇင်ထက်ကို ဆေးအကြီးကြီးထိုးလိုက်တာပါ။ ဒါကတော့ ခရီးသွားရင်း ကားစီးကာ အိပ်မောကျနေတဲ့ ချစ်သူလေးကို ဗီဒီယိုအသေအချာရိုက်ကူးပြီး ဆေးထိုးစနောက်နေတာပဲ ဖြစ်ပါတယ်။ ဗီဒီယိုရိုက်ကူးအပြီးမှာ အိပ်နေတဲ့ ပုံလေးက ချစ်စရာလေးဆိုပြီး ပြန်လည်ချော့ထားတာဖြစ်လို့ အရမ်းကို ကြည်နူးဖို့ကောင်းတာပါနော်။ ဆွေဇင်ထက်ကလည်း စိတ်မဆိုးတဲ့အပြင် ပိုစ့်အောက်မှာ Comments ပြန်မန့်ထားတာဖြစ်လို့ ပြန်လည်ဖော်ပြပေးလိုက်ပါရစေနော်.....။
သတင်း အရင်းအမြစ်៖ Source - Gae Gae Singer's Facebook Account