ဒီလိုဖြစ်ရပ်မျိုးဆိုတာဟာ တကယ့်ကို ရှားပါးပြီး ဖြစ်တောင့်ဖြစ်ခဲလှတဲ့ ဖြစ်ရပ်တစ်ခုပါပဲ။
ကိုယ့်ရဲ့ဗိုက်ထဲမှာ မွေးချင်းအမွှာကို ကိုယ်ဝန်ပြန်လွယ်ထားရတယ်ဆိုတာဟာ တွေးကြည့်တာနဲ့ ဖြစ်နိုင်စရာမဖြစ်ဘူးလို့ ထင်နိုင်ပေမယ့် ဒီလိုဖြစ်ရပ်မျိုးတွေဟာ အပြင်မှာ တကယ်ရှိခဲ့ပါတယ်။
Iran နိုင်ငံက အမျိုးသားတစ်ဦးဟာဆိုရင်လည်း မွေးဖွားလာထဲကနေ အသက် ၂၂ နှစ်အရွယ်ရောက်တဲ့အထိ ဗိုက်ထဲမှာ မွေးချင်းအမွှာကို ကိုယ်ဝန်လွယ်ထားခဲ့ရပါတယ်။
ငယ်ငယ်ကတော့ ဒီအတိုင်းဗိုက်ပူတာလို့ပဲထင်ခဲ့ပေမယ့် အသက်၂၂ နှစ်အရွယ်အရောက်မှာ ဗိုက်အရမ်းအောင့်လို့ ဆေးရုံကိုသွားပြမှ ဒီအဖြစ်အပျက်ကိုသိရှိခဲ့ရတာပါ။ ဒီလိုဖြစ်လာရတဲ့အကြောင်းရင်းကတော့ ၎င်းအမျိုးသားရဲ့မွေးချင်း အမွှာဖြစ်သူဟာ အောင်မြင်တဲ့ သန္ဓေသားအဖြစ် မခွဲထက်နိုင်ပဲ သူ့ရဲ့ဗိုက်ထဲမှာ ပိတ်မိနေခဲ့တာဖြစ်ပါတယ်။ဆရာဝန်တွေကလည်း ၎င်းအမျိုးသား ကို ဖေးမကူညီခဲ့ပြီး ဗိုက်ထဲမှာရှိနေတဲ့ မွေးချင်းအမွှာကို အောင်အောင်မြင်မြင်နဲ့ ခွဲထုတ်ပေးခဲ့ကြပါတယ်။
ဆရာဝန်တွေခွဲထုတ်ပေးခဲ့ပြီးနောက် ထွက်လာတဲ့ သူ့ရဲ့မွေးချင်းအမွှာက ဘယ်လိုပုံစံဖြစ်နေလဲဆိုတာကတော့ ပရိသတ်တွေ ယခုမြင်တွေ့နေရတဲ့ပုံတွေထဲက အတိုင်းပါပဲ။ဆံပင်လိုပုံစံ အမွှေးတွေရှိပြီး ခန္ဓာကိုယ်ကတော့ ကြောက်မက်ဖွယ်ပုံစံနဲ့ ဘယ်လိုမှပုံဖော်လို့မရပါဘူး။