ကျားကျားလျားလျားနဲ့ လှေကားပေါ်ကနေလျှောဆင်းလို့ ခြေသလုံးလှန်ပြီးကြိမ်လုံးစာမိခဲ့တဲ့အဖြစ်ကို ချစ်ခင်ပွန်းကိုပြောပြလိုက်တဲ့ ယုဇန

//s9.kh1.co/d2/d24b7cf6f146d71439a88ce0af443f2e129fff7e.jpg
အနုပညာရှင်များ

 ၁၅-ဇန်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ကျားကျားလျားလျားနဲ့ လှေကားပေါ်ကနေလျှောဆင်းလို့ ခြေသလုံးလှန်ပြီးကြိမ်လုံးစာမိခဲ့တဲ့အဖြစ်ကို ချစ်ခင်ပွန်းကိုပြောပြလိုက်တဲ့ ယုဇန

ပရိသတ်ကြီးရေ အဆိုတော်ယုဇနကတော့ တေးသီချင်းလောကမှာ အောင်မြင်နေတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်နော်။ယုဇနရဲ့အသံက ရှားပါးပြီး သူမမှာသာလျှင်ရှိတဲ့ အသံအမျိုးအစားဖြစ်ပါတယ်။ယုဇနရဲ့သီချင်းဟောင်းလေးတွေကလည်း အခုချိန်ထိတိုင် ရေပန်းစားအောင်မြင်နေဆဲဖြစ်ကာ အခုခေတ်လူငယ်တွေတောင် ကြိုက်နှစ်သက်ကြတာဖြစ်ပါတယ်။ယုဇနက လက်ရှိမှာလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်ပါတယ်နော်။

Photo Credit:Yuzana Mn's Facebook Account

ယုဇနက အိမ်ထောင်ကျလည်းအရမ်းကံကောင်းတာကြောင့် သူမနဲ့စိတ်တူကိုယ်တူရှိပြီး ဝါသနာတူတဲ့လက်တွဲဖော်ကောင်းကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ယုဇနရဲ့ချစ်ခင်ပွန်းကလည်း ယောက်ျားကောင်းပီသလို့ ချစ်ဇနီးချောလေးကို အမြဲစိတ်ချမ်းသာအောင်ထားပေးပြီး လိုအပ်သမျှဖြည့်ဆည်းပေးနေတာဖြစ်ပါတယ်နော်။ယုဇနက ငယ်ငယ်တုန်းကဆိုရင် မိန်းမအရမ်းမဆန်ဘဲ ယောက်ျားလေးဆန်ခဲ့တဲ့အကြောင်းကို ချစ်ပရိသတ်တွေလည်းသိအောင်လို့ ပွင့်ပွင့်လင်းလင်းဖွင့်ဟလာတာဖြစ်ပါတယ်။

Photo Credit:Yuzana Mn's Facebook Account
Photo Credit:Yuzana Mn's Facebook Account
Photo Credit:Yuzana Mn's Facebook Account
Photo Credit:Yuzana Mn's Facebook Account

ယုဇနကတော့"ယုငယ်ငယ်ကတက်ခဲ့တဲ့ စမ်းချောင်း(၂)ကျောင်းတော်ကြီးရဲ့ အမှတ်တရအရှိဆုံးနေရာ နှစ်မွှာလှေကားနဲ့ ယုရဲ့ယောကျ်ားဆန်ဆန်‌နေခဲ့သော ကျောင်းသူဘဝပုံရိပ်လေးတွေပြောပြမယ်နော်။ဒီလှေကားနှစ်ခုကြားမှာအရင်က လက်ကိုင်လို့ရတဲ့သစ်သားတန်းလေးရှိခဲ့ဖူးပါတယ်၊ ယုကအဲ့လက်တန်းပေါ်ကို ကိုယ်တစ်ခြမ်းလုံးတင်လိုက်တယ်, လက်ကိုအလယ်ကခြားထားတဲ့နံရံပေါ်တင်ပြီး လှေကားကမဆင်းဘဲ ဟိုးအပေါ်ဆုံးကနေ အောက်ဆုံးရောက်တဲ့အထိ  လျှောပြီးဆင်းချခဲ့ဖူးပါတယ် (ဆရာမလစ်တဲ့အချိန်ခိုးလုပ်တာ) ဆရာမနဲ့ဒဲ့တိုးမိတဲ့အချိန်ဆိုရင်တော့လည်း လှေကားအောက်လည်းရောက် ခြေသလုံးလှန်ပြီးကြိမ်စာမိပေါ့  ခုတော့ကျောင်းမှာအဲ့သစ်သားလက်တန်းလေးမရှိရှာတော့ဘူး အခုအဲ့လိုလက်တန်းပေါ်ကခိုစီးပြီးဆင်းရဲလားဆို မဆင်းရဲတော့ဘူးလေ၊  ခုတင်တဲ့ပုံထဲကလို‌တော့မိန်းမမဆန်ခဲ့ပါဘူးလို့"ဆိုပြီး ငယ်ဘဝအမှတ်တရလေးကို ရေးသားမျှဝေလာတာဖြစ်ပါတယ်။ 

Photo Credit:Yuzana Mn's Facebook Account
Photo Credit:Yuzana Mn's Facebook Account
Photo Credit:Yuzana Mn's Facebook Account
Photo Credit:Yuzana Mn's Facebook Account
Photo Credit:Yuzana Mn's Facebook Account
Photo Credit:Yuzana Mn's Facebook Account

Source&Photo Credit:Yuzana Mn's Facebook Account

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T