ကြင်နာယုယမှုတွေနဲ့ ဂရုစိုက်ပြီး ရင်ခွင်ထဲကိုခေါင်းလေးမှီကာ ကြည်နူးစွာအပြတ်အသတ် ရိုဆန်နေတဲ့ ပိုးမမှီသာ နဲ့ အလင်းရောင်

//s9.kh1.co/9b/9bf9e90f288bf81c049de3e685977ac5eb94da4f.jpg
အနုပညာရှင်များ

 ၁၅-ဇန်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

မော်လ်ဒယ်သရုပ်ဆောင် အလင်းရောင်ကတော့ အနုပညာနယ်ပယ်မှာ အောင်မြင်မှုတွေနဲ့ လျှောက်လှမ်းလာခဲ့ပြီး နှုတ်ခမ်းနီမလေးတွေ ရဲ့ အသည်းတွေကို ဖမ်းစားထားနိုင်ခဲ့တဲ့ သူပဲဖြစ်ပါတယ်။ အလင်းရောင်ဟာ ဗီဒီယိုဇာတ်ကားများစွာကို သရုပ်ဆောင်ခဲ့ပြီး ပီပြင်တဲ့သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲမှာ အချိန်တိုလေးအတွင်း ဝင်ရောက်လာနိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့်ကြော်ငြာလေးတွေအပြင် ရုပ်ရှင်ဇာတ်ကားတွေထဲမှာတောင် ရိုက်ကူးနေရတာကို တွေ့ရပါတယ်။

photo credit - ALINN YAUNG fb account
photo credit - ALINN YAUNG fb account
photo credit - ALINN YAUNG fb account
photo credit - ALINN YAUNG fb account

အလင်းရောင်က တည်ကြည်ခန့်ညားတဲ့ ရုပ်ရည်ရှိတဲ့အပြင် စမတ်ကျကျနဲ့ ဝတ်စားဆင်ယဥ်တတ်ကာ ဆွဲဆောင်မှုရှိပြီး ချောမောနေတာဖြစ်ပါတယ်။ အလင်းရောင်က မကြာခဏဆိုသလို ချစ်တဲ့ပရိသတ်တွေအတွက်လည်း အနုပညာလှုပ်ရှားမှုပုံရိပ်လေးတွေအပြင် ချစ်စရာကောင်းတဲ့ ပုံလေးတွေကိုလည်း ဖော်ပြပေးလေ့ရှိပါတယ်။ ယခုတစ်ခါမှာတော့ အလင်းရောင်က မင်းသမီးချောလေး ပိုးမမှီသာနဲ့ တွဲရိုက်ထားတဲ့ ချစ်စရာပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။

photo credit - ALINN YAUNG fb account
photo credit - ALINN YAUNG fb account
photo credit - ALINN YAUNG fb account
photo credit - ALINN YAUNG fb account

ဒီပုံလေးတွေထဲမှာ ပိုးမမှီသာလေးက အလင်းရောင်ရဲ့ ရင်ခွင်လေးကိုမှီပြီး ကြင်နာယုယမှုတွေနဲ့ နှစ်ယောက်သား ရိုဆန်နေတာ ဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း အလင်းရောင် က " သူကငါ့ကို အပြုံးတွေစေတယ်....သူကငါ့ကို ရှင်သန်စေတယ် ဒါပေမယ့် တစ်နေ့မှာ "ဆိုပြီး ရေးသားထားပါတယ်။ ကဲ...ပရိသတ်တွေလည်း အလင်းရောင်နဲ့ ပိုးမမှီသာ တို့နှစ်ယောက်ရဲ့ ချစ်စရာပုံလေးတွေကို သဘောကျမယ်လို့မျှော်လင့်မိပါတယ်။

သတင်း အရင်းအမြစ်Source - ALINN YAUNG fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T