သရုပ်ဆောင် မင်းသား ဝေဠုကျော်ကတော့ နှစ်ပေါင်းများစွာ အနုပညာအလုပ်တွေကို ဝါသနာအရင်းခံကာ တစ်စိုက်မတ်မတ် လုပ်ကိုင်ခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ သရုပ်ဆောင်အလုပ်ကို ခေတ္တစွန့်လွှတ်ကာ ပရဟိတလုပ်ငန်းတွေကို အစွမ်းကုန် ကူညီလုပ်ကိုင်ပေးနေတာလည်း ဖြစ်ပါတယ်။ ဝေဠုကျော်ဟာ သူ့ကိုယ်ပိုင်ဖောင်ဒေးရှင်းတည်ထောင်ကာ တစ်နိုင်ငံလုံးက အကူညီလိုအပ်တဲ့ နေရာတိုင်းကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကာ လုပ်ကိုင်ပေးနေတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ကိုဗစ်ရောဂါတိုက်ဖျက်ရေးအတွက်လည်း ကျရာအခန်းကဏ္ဍကနေ ပါဝင်ကူညီဆောင်ရွက်ပေးနေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူ့ရဲ့ လူတိုင်းအပေါ်ကူညီချင်တဲ့ စိတ်ထားလေးကို လေးစားချီးကျုးနေကြတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း ဝေဠုကျော်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ဒါကတော့ မြေပဒေသာကျွန်းမီးလောင်ပြင်တွင်အသက်အန္တရာယ်ကိုပဓာနမထားဘဲ စွမ်းစွမ်းတမံပါဝင်ကူညီမီးငြိမ်းသတ်ခဲ့တဲ့ ဝေဠုကျော်ရဲ့ ပုံရိပ်တွေပဲ ဖြစ်ပါတယ်။
သူကလည်း " 15-1-2021
မနေ့ညက လမ်းကြောင်းအကျန်နဲ့ မီးလောင်ပြင် ကူညီမှုပါ။
ဗဟန်းမြို့နယ် မြေပဒေသာကျွန်းဆိုင်ခန်းများ မီးလောင်ရာသို့ ဝေဠုကျော်ဖောင်ဒေးရှင်းမှ လူနာတင်ယာဉ် ၂စီးအုပ်ချုပ်မှုယာဉ် ၁စီး အဖွဲ့ဝင် ၁၀ဦးဖြင့် သွားရောက်ကူညီ
လမ်းကြောင်း...၈
Green Hill Hotel မှ... ကျား...၁ ဦး အား ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံသို့....ဝေဠုကျော်ဖောင်ဒေးရှင်း မှ WLK (4) လူမှုကူညီရေးယာဉ်ဖြငိ့ ပို့ဆောင်ကူညီခဲ့ပါသည်။ "ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဝေဠုကျော်ရဲ့ ပုံရိပ်တွေကို တစ်ဆင့် ပြန်လည်ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd- Wai Lu Kyaw Foundation’s Facebook Page