တစ်ချိန်က စိုင်းစိုင်းခမ်းလှိုင်နဲ့ အတူ ပွေ့ဖတ်ပြီး တွဲရိုက်ထားတဲ့ အမှတ်တရ ပုံလေးတွေကို ပြန်လည် ချပြလာတဲ့ ပွင့်

//s9.kh1.co/52/52b00b426bc701218faf09588fbd2bc455558318.jpg
အနုပညာရှင်များ

 ၁၅-ဇန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

အနုပညာလောကမှာ တစ်ချိန်က အောင်မြင်ကျော်ကြားခဲ့ တဲ့ သရုပ်ဆောင် ပွင့်ကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်။ ကလေး၊လူကြီး မရွေး အားလုံးက ချစ်ခင်ကြတဲ့ ပွင့်ကတော့ ပီပြင်ပြောင်မြောက်လှတဲ့ သူမရဲ့ သရုပ်ဆောင် ကောင်းပုံတွေကြောင့် ပရိသတ်တွေ ရဲ့ရင်ထဲကို ရောက်ရှိခဲ့တာ ဆိုရင်လည်း မမှားပါဘူး။ဗီဒီယိုလောက ကနေ သရုပ်ဆောင်ရင်း အနုပညာလောက ထဲကို စတင်ဝင်ရောက်လာကာ ယခုချိန်မှာလည်း အနုပညာအလုပ်တွေကို ဖြေးဖြေးမှန်မှန်လေး လုပ်ဆောင်နေပြီး ပရိသတ်တွေ အားပေးမှုနဲ့ အနုပညာလမ်းကို ဆက်လက်လျှောက်လှမ်းနေတာ ပဲဖြစ်ပါတယ်။

Photo Crd - Pwint Facebook Page
Photo Crd - Pwint Facebook Page
Photo Crd - Pwint Facebook Page
Photo Crd - Pwint Facebook Page

ဗီဒီယို ဇာတ်ကားတွေ ပါမက ယခုအချိန်မှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေကို ပါ လက်ခံရိုက်ကူးနေကာ အနုပညာလမ်းကြောင်း ပေါ်မှာ ဆယ်စုနှစ်မကအောင်မြင်ခဲ့ပြီး ယနေ့ချိန်ထိ အောင်မြင်ကျော်ကြားနေတဲ့ ဝါရင့် သရုပ်ဆောင်များထဲက တစ်ဦးလည်း ဖြစ်ပါတယ်။ သရုပ်ဆောင်ကောင်းရုံသာမက အသံချိုချိုသာသာ လေးနဲ့ သီချင်းတွေကို လည်း ဖန်တီးနေကာ သီချင်းခွေတွေ လည်း ထွက်ရှိခဲ့တဲ့ သူလေးပဲဖြစ်ပါတယ်။လတ်တလောမှာလည်း ကိုဗစ်ကြောင့် ဖျော်ဖြေရေး ပွဲတွေမရှိတာကြောင့် အိမ်မှာနေရင်း လိုင်းပေါ်ကနေ အမျိုးမျိုးသော ဟင်းလျာတွေကို ရောင်းပြီး ဘဝကို ရိုးသားစွာ ဖြတ်သန်းနေတာ ပဲဖြစ်ပါတယ်။

Photo Crd - Pwint Facebook Page
Photo Crd - Pwint Facebook Page
Photo Crd - Pwint Facebook Page
Photo Crd - Pwint Facebook Page

ယခုအခါမှာတော့ တစ်ချိန်က အမှတ်တရပုံလေးတွေကို သတိရလို့ ပြန်လည် ချပြလာတာ ပဲဖြစ်ပါတယ်။မနှစ်က စိုင်းစိုင်းခမ်းလှိုင်ရဲ့ ရင်ခွင်ထဲမှာ နေပြီး ကြည်နူးခဲ့ရတဲ့ ပုံလေးတွေနဲ့ အတူ

“မနှစ်ကဒီရက်လေး သူ့ရင်ခွင်လေးထဲမှာနေခဲ့မိတဲ့ ကျွန်မဘေဘီပွင့်လေးပါ

ခလိန်းတို့နှစ်ယောက်ကို မဆူနက်နဲ့နော်သဲလေးတို့” ဆိုတဲ့ ခေါင်းစဉ်လေးတပ်ပြီးချပြလာတာ ကို ပရိသတ်တွေ အတွက်ပြန်လည်မျှဝေပေးလိုက်တာ ပဲဖြစ်ပါတယ်။ ပရိသတ်တို့ကလည်း ပွင့်ရဲ့ ဆက်လျှောက် မည့် အနုပညာလမ်းကို ဆက်လက်အားပေးဝန်းရံ လိုက်ကြပါဦးနော်….။

Photo Crd - Pwint Facebook Page
Photo Crd - Pwint Facebook Page
Photo Crd - Pwint Facebook Page
Photo Crd - Pwint Facebook Page
Photo Crd - Pwint Facebook Page
Photo Crd - Pwint Facebook Page

သတင်း အရင်းအမြစ်Pwint Facebook Page

Win Zaw Oo
A Win

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T