ဖြူဖြူဖွေးဖွေးနဲ့ အရုပ်မလေးလို ချစ်စရာကောင်းတဲ့ ချစ်သူလေးက အပြင်သွားမှာဖြစ်လို့ သဝန်တိုပြီး မေးခွန်းများစွာ မေးနေခဲ့တဲ့ နေဒွေး

//s9.kh1.co/40/40d268de671556ae86103d512f7f91b6e09ee953.jpg
အနုပညာရှင်များ

 ၁၅-ဇန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင် မင်းသားချော နေဒွေးကတော့ ခေါင်းဆောင်မင်းသားအဖြစ် အနုပညာလောကထက်မှာ လျှောက်လှမ်းခဲ့တာဆိုရင် နှစ်အတော်ကြာပြီဖြစ်ပြီး ပရိသတ်အားပေးမှုကိုလည်း တစ်ခဲနက်ရရှိထားတဲ့သူတစ်ယောက်ပါ။ မင်းသားတစ်ယောက်မှာရှိသင့်တဲ့ အရည်အချင်းတွေနဲ့ ပြည့်၀တဲ့ နေဒွေးက ဖက်ရှင်ပိုင်းနဲ့ပတ်သတ်ရင်လည်း စမတ်ကျကျ ဝတ်ဆင်တတ်တာကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ် အချစ်တော်လေးပါ။ 

Photo credit -Htang Ra's FB account 
Photo credit -Htang Ra's FB account 
Photo credit -Htang Ra's FB account 
Photo credit -Htang Ra's FB account 

အနုပညာလှုပ်ရှားမှုတွေအပြင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကိုလည်း ဦးစီးလုပ်ကိုင်နေတဲ့ နေဒွေးက ဘက်စုံတော်တဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ အခုလို အလုပ်တွေဆက်တိုက်လုပ်နေပေမယ့်လည်း သူရဲ့ အသည်းယားစရာကောင်းတဲ့ ချစ်သူလေးကို အချိန်ပြည့် ဂရုစိုက် အချစ်ပိုတတ်တဲ့ နေဒွေးက ဘယ်သွားသွား  စိတ်မချနိုင်ပဲ သဝန်တိုနေခဲ့တာပါ။ 

Photo credit -Htang Ra's FB account 
Photo credit -Htang Ra's FB account 
Photo credit -Htang Ra's FB account 
Photo credit -Htang Ra's FB account 

ဖြူဖြူဖွေးဖွေးလေးနဲ့ အရုပ်မလေးလို ချစ်စရာကောင်းတဲ့ ချစ်သူလေးက အပြင်သွားမှာဖြစ်လို့ မေးခွန်းပေါင်းစုံမေးကာ သဝန်တိုနေတဲ့ နေဒွေးပြောထားတဲ့ စာသားတွေကို သူမရဲ့ Facebook Mydayထက်မှာ တင်ကာ ချစ်တတ်နေမှုကြီး လန့်တောင်လန့်တယ်ဆိုပြီး ရေးသားလာတာပါ။ အရမ်းချစ်တတ်တဲ့ နေဒွေးနဲ့ သူရဲ့ကောင်မလေး ပုံတွေကို ပရိသတ်တွေ ကြည့်ရှုစေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်..။ 

Photo credit -Htang Ra's FB account 
Photo credit -Htang Ra's FB account 
Photo credit -Htang Ra's FB account 
Photo credit -Htang Ra's FB account 
Photo credit -Htang Ra's FB account 
Photo credit -Htang Ra's FB account 

သတင်း အရင်းအမြစ်Source -Htang Ra's FB account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T