ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ချစ်စရာ အလွန်ကောင်းပြီး အေးချမ်းသာယာတဲ့ အသံချိုချိုလေးနဲ့ သီချင်းကောင်းလေးတွေကို သီဆိုလေ့ရှိပြီး ရိုးသားဖြူစင်တဲ့ စိတ်ထားလေးကို ပိုင်ဆိုင်ထားတဲ့ ပြည်သူချစ် အနုပညာရှင်မလေး ကတော့ အဆိုတော် အေးမြဖြူ ပဲဖြစ်ပါတယ်။သူမကတော့ နာမည်ကျော် မြန်မာသံစဉ်တွေကိုလည်း ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်တဲ့ အသက်ငယ်ငယ်လေးနဲ့ အောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက် ဆိုလည်း မမှားပါဘူးနော်……..။
အေးမြဖြူဟာ Myanmar Idol ပြိုင်ပွဲမှာလည်း သီချင်းကောင်းတွေကို သီဆိုနိုင်တာကြောင့်လည်း ပရိသတ်တွေရဲ့ သည်းသည်းလှုပ် ချစ်ခင်အားပေးမှုကို တစ်ခဲနက်ရရှိ ပိုင်ဆိုင်ထားတဲ့ သူလေးပဲ ဖြစ်ပါတယ်။အားလုံးက ချစ်စနိုးခေါ်ကြတဲ့ မိုးသိုလေးကတော့ ပကာသန ကင်းပြီး ကလေးတစ်ယောက်လို အမြဲချစ်စရာ ကောင်းနေတဲ့ သူမကိုတော့ ယောကျာ်းလေး ပရိသတ်တွေ အပြင် မိန်းကလေး ပရိသတ်တွေကပါ ချစ်ခင်အားပေးကြတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ မိုးသိုလေးရဲ့ သီချင်းအသစ်လေးက ဒီနေ့ ထွက်ရှိတော့မှာပဲ ဖြစ်တာကြောင့် စိတ်လှုပ်ရှားနေတာလည်း တွေ့ရပါတယ်နော်….။သူမရဲ့ အားလပ်ချိန်လေးတွေမှာတော့ ပရိသတ်တွေ အလွမ်းပြေစေမဲ့ Tik Tok လေးတွေကို တင်ပေးတာဖြစ်ပြီး မကြာသေးခင် အချိန်ကလည်း သူမရဲ့ TikTok ဗီဒီယိုလေးကို မျှဝေပေးလာတာ ဖြစ်ပါတယ်။ကဲ….ချစ်ပရိသတ်တွေကလည်း မိုးသိုလေးရဲ့ ချစ်စရာကောင်းတဲ့ Tik Tok လေးကို ကြည့်ရှုခံစားနိုင်စေရန် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Aye Mya Phyu Tik Tok Account