ခေတ်စားနေတဲ့ Tik Tokလေးတွေကို ကကွက်မျိုးစုံနဲ့ နှုတ်ခမ်းနီမလေးတွေ အသည်းယားလောက်အောင် ဆော့ကစားထားတဲ့ ProjectK ရဲ့ ဗီဒီယို

//s9.kh1.co/9c/9c17af494cd740a16f3e436b771e7526b2d0041b.jpg
အနုပညာရှင်များ

 ၁၅-ဇန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ လူငယ်တွေပဲ ဖွဲ့စည်းထားတဲ့ Project K အကအဖွဲ့ကတော့ အောင်မြင်မှုတွေကို အချိန်အတိုတွင်းရရှိခဲ့တဲ့ အဖွဲ့ပဲဖြစ်ပါတယ်။ သူတို့ အဖွဲ့ကတော့ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးအကပြိုင်ပွဲတစ်ခုမှာ သွားရောက်ယှဉ်ပြိုင်ခဲ့ကာ ဆုတွေရရှိခဲ့တာဖြစ်ပါတယ်။ Project K အဖွဲ့ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတောင် ချီးကျူးဂုဏ်ပြုထားတာ ဖြစ်ပါတယ်။

Photo Credit - ProjectK Fb Page
Photo Credit - ProjectK Fb Page
Photo Credit - ProjectK Fb Page
Photo Credit - ProjectK Fb Page

Project K အဖွဲ့လေးကတော့ အဆိုရော၊ အကပါ ကောင်းနေတဲ့အပြင် ဆွဲဆောင်မှုရှိတဲ့ တည်ကြည်ခန့်ညားမှု ရုပ်ရည်မျိုးတွေကိုရှိနေတာကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ အားပေးဝန်းရံမှုကို ရရှိထားတာဖြစ်ပါတယ်။ မကြာခဏဆိုသလို ချစ်တဲ့ ပရိသတ်တွေအတွက် သူတို့ရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ ချစ်စရာပုံလေးတွေကို ဖော်ပြပေးပါတယ်။ ယခုမှာတော့ Project Kက ပရိသတ်တွေ သဘောကျလောက်မယ့် tik tok ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - ProjectK Fb Page
Photo Credit - ProjectK Fb Page
Photo Credit - ProjectK Fb Page
Photo Credit - ProjectK Fb Page

ဒီဗီဒီယိုလေးထဲမှာတော့ Project K အဖွဲ့သားတွေက ခေတ်စားနေတဲ့ tik tok လေးကို လွတ်လပ်ပေါ့ပါးစွာ အပီအပြင် ဆော့ကစားထားတာဖြစ်ပါတယ်။ ဒီဗီဒီယိုလေးကိုတော့ ချစ်တဲ့ ပရိသတ်တွေ သဘောကျမယ်လို့မျှော်လင့်မိပါတယ်။ ကဲ...ပရိသတ်ကြီးရေ ကကွက်မျိုးစုံနဲ့ ပျော်ပျော်ပါးပါး ဆော့ကစားထားတဲ့ Project K အဖွဲ့ရဲ့ tik tok လေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Source - ProjectK Fb Page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T