သူနဲ့ချစ်သူစဖြစ်ကတည်းက တစ်ခါမှမကြုံဖူးတဲ့ဝေဖန်တိုက်ခိုက်မှုများစွာခံနေရတဲ့အကြောင်းကိုဖွင့်ဟပြောပြလာတဲ့ နေဒွေးရဲ့ချစ်သူ

//s9.kh1.co/bd/bd532deff41686eb83d8222d68e4d1f83994958c.jpeg
အနုပညာရှင်များ

 ၁၅-ဇန်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  နေဒွေးကတော့  ချစ်သူလေးနဲ့ အတူ ပျော်ရွှင်စရာကောင်းတဲ့  အချစ်ခရီးလမ်းကို  အတူဖြတ်သန်းလျှောက်လှမ်းနေကြတာလည်း  ဖြစ်ပါတယ်။  နှစ်ယောက်စလုံး  စီးပွားရေးလုပ်ငန်းကိုယ်စီလုပ်ကိုင်နေကြတာကြောင့်  အားလပ်ချိန်သိပ်မရှိဘဲ  တစ်ခါတစ်ရံမှသာ  တွေ့ဆုံကြရပြီး  ဖုန်းဖြင့်သာ  အဆက်အသွယ် လုပ်နေကြတာလည်း  ဖြစ်ပါတယ်။  နေဒွေးဟာ  သူ့ရဲ့ချစ်သူလေးကို သည်းသည်းလှုပ်ချစ်တာကို ကြည့်ပြီး  ပရိသတ်တွေကပါ  ဘေးကနေကြည်နူးအားကျနေကြတာလည်း  ဖြစ်ပါတယ်။

Photo Crd- Nay Dway’s Facebook Account 
Photo Crd- Nay Dway’s Facebook Account 
Photo Crd- Nay Dway’s Facebook Account 
Photo Crd- Nay Dway’s Facebook Account 

နေဒွေးတို့အတွဲလေး စကြိုက်တဲ့အချိန်ကတည်းက  လူတစ်ချို့ရဲ့ ဝေဖန်တိုက်ခိုက်မှုတွေများစွာကို  ကြုံတွေ့လာခဲ့ရတာပဲ  ဖြစ်ပါတယ်။  မနေ့ညကလည်း  နေဒွေးကောင်မလေးရဲ့  Facebook Story မှာ သူမရဲ့ ရင်တွင်းခံစားချက်တွေကို  ရေးသားထားတာပဲ  ဖြစ်ပါတယ်။  ဒါကတော့  သူနဲ့ချစ်သူစဖြစ်ကတည်းက အခုချိန်ထိတိုက်ခိုက်ခံနေရတဲ့အကြောင်းကိုဖွင့်ဟပြောပြလာတာပဲ  ဖြစ်ပါတယ်။ သူမကလည်း " သူ့ကျမှ ဘာလို့လဲ Single အချင်းချင်းတွဲတာဘာလို့တိုက်ခိုက်နေကြတာလဲ လူတိုင်းကြံဖူးနေကျ  ပြသနာကို သူများတွေက  အေးဆေးဖြတ်သန်းနေကျ ကိုယ်တွေကျမှဘာလို့ တိုက်ခိုက်ခံနေရလည်း နားမလည်ဘူး  

Photo Crd- Nay Dway’s Facebook Account 
Photo Crd- Nay Dway’s Facebook Account 
Photo Crd- Nay Dway’s Facebook Account 
Photo Crd- Nay Dway’s Facebook Account 

ခုလိုဖြစ်တာ တစ်ခါမှ မကြုံဖူးဘူး ပထမဆုံးအကြိမ်ပဲ  သူနဲ့ ချစ်သူစဖြစ်ကတည်းက  အခုထိတိုက်ခိုက်ခံရတာကိုယ်လည်း အလုပ်များတဲ့ သူမို့ တော်ရုံအကုန်မမြင်ဟန်ဆောင်ပေးခဲ့တာ လူလူချင်း  ကိုယ်ချင်းစာစိတ်ဖြင့် နေကြပါ  Facebook က ဘဝကြီးမှ မဟုတ်တာ  ကိုယ့်အတွက် အကျိုးရှိတာ အများကြီး ရပါလိမ့်မယ်။  ကိုယ် Facebook သုံးတာ ကိုယ့်အတွက် အကျိုးရှိတာပဲ သုံးလို့လားမသိဘူး အခုဆို ကိုယ့်အတွက် အများကြီး ပညာရခဲ့ပြီ " ဆိုပြီးရေးသားထားတာပဲ ဖြစ်ပြီး  ပရိသတ်တွေအတွက်  တစ်ဆင့်  ပြန်လည်  ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Nay Dway’s and Htang Ra’s Facebook Account 

Photo Crd- Htang Ra’s Facebook Account 
Photo Crd- Htang Ra’s Facebook Account 
Photo Crd- Htang Ra’s Facebook Account 
Photo Crd- Htang Ra’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T