အခုလိုအေးဆေးဖြစ်နေတဲ့ ဘဝလေးမှာ လိုနေတာ အချစ်တွေပဲ ဖြစ်ကြောင်း သီချင်းထဲမှာ စီးမျောပြီး မုအပြည့်နဲ့ ဆော့ကစားထားတဲ့ နန်းခင်ဇေယျာ TikTok ဗီဒီယို

//s9.kh1.co/bd/bde636b019c875024645754e737f9a79055709c1.jpg
အနုပညာရှင်များ

 ၁၅-ဇန်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

ဒီတစ်ခေါက်မှာတော့ မော်ဒယ်လ်လောက ကနေ အနုပညာလောကထဲကို ခြေစုံပစ်ဝင်ရောက်လာတဲ့ ပရိသတ်အချစ်တော် နန်းခင်ဇေယျာပဲဖြစ်ပါတယ်။ နယ်ကနေ အဖော်မပါပဲ ကိုယ့် အထုတ်ကိုစွဲကာ တက်လာခဲ့ရတဲ့ နန်းခင် တစ်ယောက်ဟာ 2012 ခုနှစ်မှာ အလှမယ် သရဖူ ကို ရရှိခဲ့ပြီး နိုင်ငံ ကိုစားပြု အနေနဲ့ ပွဲတွေကို စတင်ပြိုင်ခွင့်ရခဲ့ တာမှ စပြီး အနုပညာလောကထဲကို စတင်ရောက်ရှိလာခဲ့တာ ပဲဖြစ်ပါတယ်။မော်ဒယ်လ်လောကထဲကို စတင်ဝင်ရောက်ခါစတုန်းက နယ်က အဖော်တစ်ယောက်မှမပါပဲ တက်လာခဲ့တာကြောင့် လုပ်ဖော်ကိုင်ဖက်တွေရဲ့ ခွဲခြားဆက်ဆံခြင်း ပြောဆို ရှုံ့ချ ခြင်းကို ခံခဲ့ ရသော်လည်း အားမလျော့တဲ့ စိတ်နဲ့ ကြိုးစားခဲ့တာကြောင့် ယခုချိန်မှာနေရာ တစ်ခုထိ ရောက်ရှိအောင်မြင်နေတာ ပဲဖြစ်ပါတယ်။

Photo Crd - Nang Khin Zay Yar Facebook Page
Photo Crd - Nang Khin Zay Yar Facebook Page
Photo Crd - Nang Khin Zay Yar Facebook Page
Photo Crd - Nang Khin Zay Yar Facebook Page

ယခုအချိန်မှာလည်း ရုပ်ရှင်ဇာတ်ကားတွေကို လက်ခံရိုက်ကူးလာပြီး ကြော်ငြာများစွာကို ပါ ရိုက်ကူူးနေရ ကာ ပရိသတ်တွေ အားပေး ဝန်းရံ မှုနဲ့ အနုပညာလမ်းကြောင်းပေါ်မှာ ဆက်လက်လျှောက်လှမ်းနေတာ ပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်ကလည်း ကျစ်လစ်သွယ်လျနေတာကြောင့် ပုရိသတွေ ရဲ့ အသည်းကျော်တစ်ဦး လည်းဖြစ်နေရတာ ပဲဖြစ်ပါတယ်။ နန်းခင်တစ်ယောက်ဟာ လတ်တလောမှာ လည်း မာလာရှမ်းကောကို ရောင်းနေပြီး အားပေးတဲ့ သူများနေတာ ကြောင့် သူမရဲ့ အလုပ်ဟာလည်း အောင်မြင်မှုတွေ ရရှိနေကာ တခါတလေမှာ Live တွေ လွှင့်ပြီး ပရိသတ်တွေ နဲ့ ရင်းရင်းနေကာ အဆက်အသွယ် မပျက်ရှိနေတာ ပဲဖြစ်ပါတယ်။

Photo Crd - Nang Khin Zay Yar Facebook Page
Photo Crd - Nang Khin Zay Yar Facebook Page
Photo Crd - Nang Khin Zay Yar Facebook Page
Photo Crd - Nang Khin Zay Yar Facebook Page

ယခုအခါမှာတော့ သူမရဲ့ အမှန်အကန်စော့ကစားထား တဲ့ TikTok ဗီဒီယိုလေးကို ချပြလာတာ ပဲဖြစ်ပါတယ်။အခုလိုသာယာနေတဲ့ ဘဝလေးမှာ လိုနေတာ က အချစ်တွေ ပဲဖြစ်ကြောင့် သီချင်းထဲမှာ စီးမျောပြီး ဆော့ကစားထားတာ ပဲဖြစ်ပါတယ်။ ဒီ ဗီဒီယိုလေးထဲမှာ နန်းခင်တစ်ယောက် ကြည်လင်အေးမြနေတဲ့ မျက်နှာပေါ်က အပြုံးပန်းတွေ နဲ့ အတူ ချစ်စရာ အလွန်ကောင်းနေတာ ပဲဖြစ်ပါတယ်။ စွဲဆောင်ရှိထဲ အကြည့်တွေ ကြောင့် ပရိသတ်တွေ ရင်ခုန်မိကြတော့ မှာ အမှန်ပဲဖြစ်ပါတယ်။ ကဲ….ပရိသတ်ကြီး တို့ကလည်း နန်းခင်ဇေယျာ ရဲ့ ချစ်စရာကောင်းတဲ့ အမူအရာနဲ့ စော့ကစား ထားတဲ့ TikTok ဗီဒီယိုလေးကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ကြဖို့ မမေ့နဲ့ ဦးနော်…..။

Photo Crd - Nang Khin Zay Yar Facebook Page
Photo Crd - Nang Khin Zay Yar Facebook Page
Photo Crd - Nang Khin Zay Yar Facebook Page
Photo Crd - Nang Khin Zay Yar Facebook Page

သတင်း အရင်းအမြစ်Nang Khin Zay Yar TikTok account

Win Zaw Oo
A Win

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T